BEC-TERO TV

အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်းဟာ လေဖြတ်ရန် ဖြစ်နိုင်ချေပိုများ

28 Dec 2020     1,424 Views


တစ်ပါတ်မှာ အလုပ်ချိန် ၅၅ နာရီထက် ပိုခြင်းဟာ လေဖြတ်ဖို့ ၃ ပုံပုံ ၁ ပုံ ဖြစ်နိုင်ချေရှိပြီး နှလုံးရောဂါ နဲ့ အခြားသောရောဂါများ ဖြစ်ပွားဖို့ ပိုမိုအခွင့်အရေး ရှိကြောင်းသုတေသနပြုလုပ်သူတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။
 
တစ်ပါတ်မှာနာရီ ၄ဝ နဲ့အထက်အလုပ်လုပ်တဲ့သူတစ်ယောက်ဟာ လေဖြတ်နိုင်ချေများပါတယ်။
 
လေဖြတ်နိုင်ခြင်းသာမက နှလုံးရောဂါအပြင်အသက်အရွယ်၊ ကျန်းမာရေအခြေအနေနဲ့ နေထိုင်စားသောက်မှုပုံစံတွေပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။
 
University College London မှ ပရော်ဖက်ဆာ MikaKivimäki က “ ဒီကိစ္စနဲ့ပတ်သက်ပြီး လေ့လာမှုတွေအားလုံးမှာအလုပ်လုပ်ချိန်နဲ့ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ရောဂါတွေအကြား ဘယ်လိုဆက်ဆံနေလဲဆိုတာကို လေ့လာတဲ့အခါ ရောဂါဖြစ်နိုင်ချေပိုများတာကို တွေ့ရှိခဲ့ပါတယ်။ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတွေကအလုပ်ချိန်ကြာမြင့်ခြင်းဟာ လေဖြတ်ခြင်းနဲ့ အခြားနှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်ပွားနိုင်ချေပိုမို မြင့်မားကြောင့် သတိပြုမိခဲ့ကြတာပါ ” လို့ ဆိုပါတယ်။
 
တစ်ပါတ်မှာ ၅၅ နာရီနဲ့ အထက် အလုပ်လုပ်သူတွေဟာ ၃၅ နာရီ မှ နာရီ ၄ဝ အတွင်း အလုပ်လုပ်သူများထက် နှလုံးရောဂါနဲ့ ဆက်စပ်နေသာ ရောဂါခံစားရခြင်း၊ ဆေးရုံးတက်ရခြင်း၊ သေဆုံးခြင်း ၁၃ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။
 
အလုပ်ချိန် ၄၁ နာရီ မှ ၄၈ နာရီကြား အလုပ်လုပ်သူများတွင် ၁ဝရာခိုင်နှုန်း၊ ၄၉နာရီမှ ၅၄နာရီ အလုပ်လုပ်သူတွေမှာ ၂၇ ရာခိုင်နှုန်းအထိ ပိုမို လေဖြတ်နိုင်ချေများကြောင်း လူပေါင်း ၅၂၈,၉၀၈ ကို ပျမ်းမျှ ၇ နှစ်ကြာလေ့လာပြီး စစ်တမ်းကောက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
 
နှလုံးရောဂါနဲ့လေဖြတ်ခြင်း တွေမှာအသက်အရွယ်၊ ကျား/မကွဲပြားမှု၊ စီးပွားရေးအခြေအနေတို့အပြင်ဆေးလိပ်သောက်ခြင်း၊ အရက်သေစာသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နဲ့ သွေးပေါင်ချိန်တို့အပေါ်မှာလည်း မူတည်နေပါတယ်။
 
Michelle  သစ်ထူးလွင် (ကျန်းမာရေး)

28 Dec 2020     1,424 Views




RELATED

Most Popular of Health Fix

Most Popular of Life Style