BEC-TERO TV

မိုးကောင်းမြို့အနီးတွင် သင်္ဘောပုံစံတူ ကျောက်တုံးကြီး ရှာဖွေတွေ့ရှိ

29 Dec 2020     1,927 Views


ကချင်ပြည်နယ် မိုးကောင်းမြို့အား ပြည်တွင်း/ပြည်ပ ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်က မိုးကောင်းမြို့၏ အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ တောင်ပေါ်တွင် အရွယ်အစားကြီးမားသည့် သင်္ဘောပုံစံတူ ကျောက်တုံးကြီး ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။ မို

းကောင်းမြို့ပတ်ဝန်းကျင်တွင် ခရီးသွားများ လည်ပတ်ကြည့်ရှုနိုင်ရန် သမိုင်းဝင်စေတီပုထိုးများ၊ ထူးခြားပြီး အစဉ်အလာကြီးမားသည့် နေရာဒေသများရှိနေခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်က We Love Mogaung အဖွဲ့မှ မိုးကောင်းမြို့နယ် လွဲလောကျေးရွာ၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်ကွာဝေးသည့် "ခေါင်စန်း" တောင်ပေါ်တွင် အရွယ်အစားကြီးမားသည့် သင်္ဘောပုံစံတူ ကျောက်တုံးကြီးတစ်တုံးကို (ဒေသခံများ၏ အခေါ်အဝေါ်အရ ကျောက်သင်္ဘော) ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါနေရာသည် မိုးကောင်းမြို့မှ ငါးမိုင်ခန့်ကွာဝေးပြီး ဆိုင်ကယ်ဖြင့် သွားရောက်ကြည့်နိုင်ကြောင်းနှင့် We Love Mogaung အဖွဲ့မှ တောင်တက်လမ်းများ ရှင်းလင်းခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ ချိတ်ဆွဲခြင်း၊ သင်္ဘောပုံစံတူ ကျောက်တုံးကြီးအား ကြည့်ရှုနိုင်ရန် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခဲ့ကြပြီး ကျောက်တုံးကြီး၏ ရာဇဝင်အား အများသူငါ သိရှိနိုင်ရန် ဒေသခံများနှင့် တွေ့ဆုံမေးမြန်း ဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)/MDN


29 Dec 2020     1,927 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS