BEC-TERO TV

မြန်မာနိုင်ငံထုတ် သံမဏိ ပေါင်တန်ချိန်တစ်သောင်းကျော် ဝယ်ယူရန် ပြည်ပမှ အမှာစာရရှိ

29 Dec 2020     1,459 Views


ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ JFE ကော်ပိုရေးရှင်းတို့ ဖက်စပ်တည် ထောင်ထားသည့် J & M Steel Solution စက်ရုံမှ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လာမည့်၂ နှစ်အတွင်း သံမဏိသံပေါင် တန်ချိန်တစ်သောင်းကျော် တင် ပို့ရောင်းချရန် အမှာစာလက်ခံရ ရှိသည်ဟု ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက ပြောသည်။ ထို့အပြင် ပြည်တွင်းရှိ ဂျိုင်း (ဇာသပြင်)၊ ဂျိုင်း(အတ္ထရံ)၊ ဂျိုင်း (ကော့ကရိတ်) တံတားများ အပါ အဝင် JICA (ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ) ချေးငွေဖြင့် တည် ဆောက်မည့် တံတားများအတွက် လည်း အမှာစာလက်ခံရရှိထား သည်ဟု ၎င်းကဆိုသည်။

ယခုအချိန်တွင် ဒေသတွင်း နိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ပြီ ဖြစ်သော်လည်း အခြားအာရှနိုင်ငံ များသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးစားရမည်ဟု ဒေါက်တာ ကျော်လင်းက တိုက်တွန်းသည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှစ်ခု၏ အမှာစာသည် မွမ်ဘိုင်းတံတားနှင့် ဂျမူနာတံတား အတွက် သံမဏိသံပေါင်များဖြစ်သည်။၂၀၁၉ အတွင်း ပြည်ပ နိုင်ငံများနှင့် ဆောက်လုပ်ရေးဝန် ကြီးဌာန၊ မြန်မာ့မီးရထား၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊ ပုဂ္ဂလိကများသို့ သံမဏိသံပေါင် ၂၈,၀၀၀ ကျော် ရောင်းချခဲ့ကြောင်း ဒုတိယဝန်ကြီး ကပြောသည်။

ရန်ကုန်တိုင်း သာကေတ မြို့နယ်တွင်ရှိသည့် J & M Steel solution စက်ရုံကို ၂၀၁၄ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး နှစ်စဉ် သံမဏိ သံပေါင် အနည်းဆုံး တန်ချိန် ၂၀,၀၀၀ ထုတ်လုပ်နေသည်။ အဆိုပါစက်ရုံသည် မြန်မာနိုင်ငံဘက်မှ ဆောက်လုပ်ရေးဝန် ကြီးဌာနပိုင် မြေနေရာကို အငှား စနစ်ဖြင့် တန်ဖိုးသတ်မှတ်ရရှိသော နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ထားပြီး ဂျပန်နိုင်ငံဘက် က ကျွမ်းကျင်ပညာရှင်များ၊ နည်း ပညာ၊ စက်ပစ္စည်းကိရိယာများ အဓိကထည့်ဝင်ရင်းနှီးမြှုပ်နှံထားသည်။

Source : 7 Day News

ပုံစာ : ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း J & M Steel solution စက်ရုံကိုသွားရောက်လှည့်လည်ကြည့်ရှု့စစ်ဆေးစဉ်


29 Dec 2020     1,459 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS