BEC-TERO TV

ရုရှားသင်္ဘောတစ်စင်း ဘားရင့်ပင်လယ်ပြင်အတွင်းနစ်မြုပ်ရာ အမှုထမ်း ၁၇ ဦး ပျောက်ဆုံး

29 Dec 2020     1,389 Views


ရုရှားနိုင်ငံမှ အိုနီဂါသင်္ဘောမှာ နိုဗာယာဇမ်ယာကျွန်းစုအနီး ဘားရင့်ပင်လယ်ပြင်အတွင်း နစ်မြုပ်ခဲ့ကြောင်း အရေးပေါ် အခြေအနေဝန်ကြီးဌာနက ပြောကြားသည်။ သင်္ဘောအမှုထမ်း ၁၉ ဦးအနက် နှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခု အတွင်း ပြောသည်။

ရုရှားနိုင်ငံမြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါသင်္ဘောနစ်မြုပ်မှုမှာ ရေခဲပြင်တိုက်မိမှုကြောင့်ဟု ကနဦး ခန့်မှန်းချက်များအရ သိရသည်။ ကယ်ဆယ်ရေးရေယာဉ် ငါးစင်းဖြင့် အသက်ရှင်သူများအား ရှာဖွေခဲ့သော်လည်း သင်္ဘောအမှုထမ်း ၁၉ ဦးအနက် နှစ်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့သည်ဟု အင်တာဖက်စ်သတင်းဌာနက ဖော်ပြသည်။

“သင်္ဘောပေါ်မှာ အမှုထမ်း ၁၉ ဦးပါရှိပြီး နှစ်ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်” ဟု ယင်းဝန်ကြီးဌာနက ထုတ်ပြန်ချက် အတွင်း ပြောသည်။ ပျောက်ဆုံးနေသော သင်္ဘောအမှုထမ်း ၁၇ ဦး၏ အခြေအနေကို မသိရသေးဘဲ ၎င်းတို့အတွက် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုးကား - စပွတ်ညစ်၊

ဘာသာပြန် - ကျော်ထိုက်စိုး The Mirror


29 Dec 2020     1,389 Views




RELATED

Most Popular of International News

Most Popular of NEWS