BEC-TERO TV

ကိုဗစ်-၁၉ ထောက်ပံ့ရေးနှင့် အသုံးစရိတ်ဥပဒေကြမ်းကို သမ္မတထရမ့် လက်မှတ်ရေးထိုး

29 Dec 2020     1,386 Views


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုဗစ်-၁၉ ထောက်ပံ့ရေးနှင့် အသုံးစရိတ်ဥပဒေကြမ်းကို လက်မှတ်ရေးထိုးခဲ့သည့်အတွက် အဆိုပါ ဥပဒေကြမ်းမှာ ဥပဒေအဖြစ် အသက်ဝင်လာပြီဖြစ်သည်။ ဥပဒေအသက်ဝင်လာပြီဖြစ်သောကြောင့် ဝင်ငွေနည်းမိသားစုများ နှင့် ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်ခဲ့ရသူများမှာ အာမခံ ခံစားခွင့် များ ပြန်လည်ရရှိလာတော့မည်ဖြစ်သည်။

အဆိုပါ ဥပဒေအရ တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၇၅၀၀၀ အောက် ရရှိသူများကို ဒေါ်လာ ၆၀၀ ထောက်ပံ့ပေးမည်ဖြစ်ပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရသူများကို ရက်သတ္တ ပတ်လျှင် ဒေါ်လာ ၃၀၀ ပေးအပ်သွားမည်ဖြစ်သည့်အပြင် လုပ်ငန်းရှင် များအတွက် သီးခြားထောက်ပံ့ပေးရေးအစီအစဉ်လည်း ပါဝင်သည်။ ဥပဒေပြုလွှတ်တော်က ယင်းဥပဒေကို အတည်ပြုရန် ကြန့်ကြာနေ ခဲ့ပြီးနောက် သမ္မတ ထရမ့်ကလည်း လက်မှတ်ရေးထိုးရန် ထပ်မံ ငြင်းဆို ခဲ့သည်။

သို့ရာတွင် သမ္မတ ထရမ့်က ဖလော်ရီဒါ၌ ရောက်ရှိနေစဉ် ယမန်နေ့က ကိုဗစ်-၁၉ ထောက်ပံ့ရေးနှင့် အစိုးရဥပဒေကြမ်းနှစ်ရပ်လုံးကို ရုတ်တရက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ သမ္မတထရမ့်အနေဖြင့် အဘယ်ကြောင့် လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ချက်ပြောင်းခဲ့သလဲ ဆိုသည်ကို ရှင်းရှင်းလင်းလင်းမပြောကြားခဲ့ဘဲ ဥပဒေပြုအမတ်များက မလိုလားအပ်သည့် ဥပဒေကြမ်း၏ အစိတ်အပိုင်းတချို့ကို ဖယ်ရှားပစ် ခဲ့ပြီးဖြစ်ကြောင်းသာ ပြောကြားသည်။

လက်မှတ်ရေးထိုးရန် ပန်ကြား ဘတ်ဂျက်အသုံးစရိတ် သတ်မှတ်ရက်မှာ ယနေ့သန်းခေါင်ယံအချိန် တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ဒီမိုကရက်နှင့် ရီပတ် ဘလီကန်ဥပဒေပြုအမတ်များအားလုံးက အစိုးရအေဂျင်စီများ ပိတ်သိမ်းမှု အရေး ရှောင်လွှဲနိုင်ရန် သမ္မတ ထရမ့်အား လက်မှတ်ရေးထိုးရန် ပန်ကြား ခဲ့ကြောင်း သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။ အမေရိကန် ဒေါ်လာ ၉၀၀ ဘီလီယံ ကိုဗစ်ထောက်ပံ့ရေးအစီအစဉ်မှာ ကန်ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံ အသုံးစရိတ်အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကာ ယင်းအနက် ၁ ဒသမ ၄ ထရီလီယံမှာ အစိုးရ၏ ပုံမှန်အသုံးစရိတ်ဖြစ်သည်။

ကိုးကား - ဘီဘီစီ၊

ဘာသာပြန် - မေလဲ့သင်း The Mirror


29 Dec 2020     1,386 Views




RELATED

Most Popular of International News

Most Popular of NEWS