BEC-TERO TV

မြန်မာအစားထိုးယာဉ်မောင်းတွေကို တရုတ်ဘက်က ကိုဗစ်ကာကွယ်ဆေးထိုးပေး

29 Dec 2020     1,376 Views


တရုတ်နိုင်ငံ ရွှေလီမြို့ဘက်ခြမ်းက မြန်မာနိုင်ငံသားအစားထိုးယာဉ်မောင်း (၄၁) ဦးကို တရုတ် ဘက်ကကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ဘီဘီစီကိုပြောပါတယ်။ အခုထိုးပေးတဲ့ကာကွယ်ဆေးဟာ ပထမအဆင့်ဖြစ်ပြီး နောက်ထပ် (၂၁) ရက်အကြာမှာဒုတိယအကြိမ်ထပ်ထိုးပေးမယ်လို့ဆိုပါတယ်။ ’’တရုတ်ဘက်ခြမ်းက မြန်မာကုန်တင်ယာဉ်မောင်းတွေကျတော့ သူတို့ဘက်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ သူတွေဖြစ်တယ် ဆိုတော့ ကာကွယ်ဆေးထိုးတဲ့သဘောပါ။

နောက်ထပ်လည်း တရုတ်ဘက်ခြမ်းက မြန်မာအစားထိုးယာဉ်မောင်းတွေကို ထပ်ထိုးပေးနိုင်တယ်။အခု မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးမှာ ဒီမြန်မာယာဉ်မောင်းအစားထိုးတွေနဲ့ပဲသွားနေရတာဆိုတော့ ဒီလိုထိုးပေးတာကောင်းပါတယ် ’’ လို့ဦးမင်းသိန်းကပြောပါတယ်။ အခုမြန်မာအစားထိုးယာဉ်မောင်းတွေကိုထိုးပေးတဲ့ကာကွယ်ဆေးတွေဟာ တရုတ်နိုင်ငံထုတ်ကာကွယ်ဆေးတွေဖြစ်တယ်လို့ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူအချို့ကပြောပါတယ်။

မြန်မာ - တရုတ်နယ်စပ်ကုန်သွယ်ရေးအတွက်ဖွင့်ထားတဲ့ကုန်သွယ်ရေးဂိတ်တွေမှာ ဆင်ဖြူဂိတ်၊နန်းတော်ဂိတ်၊ ကျင်စန်းကျော့၊ဝမ်တိန်နဲ့မန်ဝိန်းဆိုပြီး (၅) ဂိတ်ခန့်ရှိပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါအခြေအနေကြောင့် လက်ရှိမှာ ဝမ်တိန်၊ကျင်စန်းကျော့နဲ့မန်ဝိန်း (၃) ဂိတ်ကိုပဲ အစားထိုးယာဉ်မောင်းစနစ်နဲ့ တရုတ်ဘက်ကလက်ခံပြီး အချိန်နဲ့ ကုန်သွယ်ခွင့်ပေးထားတာပါ။ အခုကာကွယ်ဆေးထိုးပေးခဲ့တာကတော့ မန့်ဝန်း ဂိတ်က အစားထိုးမြန်မာယာဉ်မောင်း (၁၈) ဦးနဲ့ ကျင်စန်းကျော့ ဂိတ်က အစားထိုးမြန်မာယာဉ်မောင်း (၂၃) ဦး တို့ဖြစ်ပါတယ်။

Photo: ဖြိုးမောင်မောင် / AFP (GETTY IMAGES)

Credit: BBC Burmese

#Popolay #Popolaytv #News #International_News #COVID_19 #Vaccine


29 Dec 2020     1,376 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS