BEC-TERO TV

အစားအသောက်ကစဉ့်ကလျားဖြစ်စဉ်နှင့် ခန္ဓာကိုယ်အလေးချိန် ပြဿနာများ

30 Dec 2020     1,528 Views


ဒီလိုအစားအသောက်ကစဉ့်ကလျားဖြစ်သောရောဂါဟာ အင်မတန်ကို ကျယ်ပြန့်ပါတယ်။ ဘယ်လို ကျယ်ပြန့်တာလဲဆိုတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်ပေါင်းများစွာကို စားလို့ရလာတဲ့ ဆိုးကျိုးတွေနဲ့ အာဟာရပြည့်ဝအောင် မစားသောက်လို့ ရလာတဲ့ ဆိုးကျိုးတွေကြောင့်ပါပဲ။
 
-     -  လွန်ကဲစွာ စားသောက်ခြင်း
 
-     -   အာဟာရ မပြည့်ဝခြင်း သို့မဟုတ် အစားလျှော့စားခြင်း သို့မဟုတ် အစားရှောင်ခြင်း
 
-    -    စားချင်သောက်ချင်စိတ် ကုန်ခန်းခြင်း (အစားအသောက်ပျက်ခြင်း)
 
-     -   ညဘက် အစားအများကြီး စားသောက်မိခြင်း
 
-     -  မစားသင့်တာများ စားခြင်း (မီးသွေးခဲ စားခြင်း၊ ဘလိတ်ဓားစားခြင်း၊ အုတ်ခဲစားခြင်း၊ တွေ့ကရာ ကောက်စားခြင်း)
 
-       ဝါးကျွေးသောအစားအစာများ စားသောက်ခြင်း (ဒါကတော့ သွားမပေါက်သေးတဲ့ ကလေးငယ်တွေကို အစာမခြေနိုင်မှာစိုးလို့ ဘိုးဘိုးဘွားဘွားတွေ၊ ဖေဖေမေမေတွေ ဒါမှမဟုတ် ကလေးထိန်းတွေက ဝါးကျွေးလေ့ရှိပါတယ်။
 
အဝလွန်ကဲစေမယ့် အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကယ်လိုရီအရမ်းများတဲ့ အစားအသောက်တွေကို အလွန်အကျွံစားသောက်ခြင်းပါ။ အဲဒီလိုစားသောက်ခြင်းအားဖြင့် အဝလွန်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းဗိုက်မအီမသာဖြစ်ခြင်းတွေ ခံစားရတတ်ပါတယ်။ အဲဒီလို လွန်ကဲစွာ စားသောက်ခြင်းတွေကို အသက်အရွယ်မရွေးတွေ့ရတတ်ပြီး သက်လတ်ပိုင်းအရွယ်တွေမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါဖြစ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်း စတာတွေပါပဲ။
 
 ရောဂါလက္ခဏာတွေအနေနဲ့ အချိန်တိုင်း ဆာလောင်နေတတ်ခြင်း၊ ဘယ်လောက်စားစား မဝသလိုခံစားနေရခြင်း၊ အစားမြန်မြန်စားတတ်ခြင်းတွေပါပဲ။
 
 ဘယ်လိုလူတွေမှာ တွေ့ရတတ်သလဲဆိုရင် စိတ်ပူပန်မှုများတဲ့သူတွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေ၊ လောကကြီးကို စိတ်ကုန်နေတဲ့သူတွေ၊ စိတ်ကျရောဂါဖြစ်နေသူတွေမှာ တွေ့ရတတ်ပါတယ်။
 
ဒီလိုလူတွေကို ကုသမယ်ဆိုရင်တော့ ဖြစ်ရတဲ့ အကြောင်းရင်းကို ရှာဖွေရမှာဖြစ်ပါတယ်။ ဥပမာ စိတ်ဖိစီးနေတဲ့သူဆို စိတ်ဖိစီးမှုကို ကုသရမှာမျိုးပေါ့။
 
 ကုသမယ်ဆိုရင် ခြောက်လကနေ တစ်နှစ်ကျော်လောက်အထိ ကြာတတ်ပါတယ်။ သူတို့ရဲ့ မသိစိတ်ထဲကခံစားနေရတာကို ပွင့်ထွက်လာအောင် အရင်ဆုံးလုပ်ပြီးမှ ကုသရမှာမို့ပါ။ ပြီးရင်တော့ မိသားစုရာဇဝင်၊ ဆေးကုသမှု ခံယူထားတာ ရှိမရှိနဲ့ အစားအသောက်အလေ့အထတွေကို စစ်ဆေးကြည့်ရမှာပဲ ဖြစ်ပါတယ်။
 
အရေးကြီးဆုံးအချက်ကတော့ အိုဗာဝိတ်ကြီးတွေဖြစ်သွားတတ်တာပါပဲ။    
 
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိထားမိဖို့ လိုပါတယ်။ ကိုယ်က အဲဒီလိုဖြစ်နေပြီဆိုရင် နားလည်တတ်ကျွမ်းတဲ့သူတစ်ယောက်ရဲ့ အကူအညီကို တောင်းခံသင့်ပါပြီ။ နောက်ပြီး အာဟာရပညာရှင်တွေရဲ့ အကြံဉာဏ်တွေ၊ မိသားစုက ဝိုင်းဝန်းဖေးမ ကူညီမှုတွေနဲ့ သူငယ်ချင်းတို့၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့ စသဖြင့် အနီးအနားမှာရှိနေတဲ့သူတွေရဲ့ အကူအညီလည်း လိုပါတယ်။
 
 ဘယ်လိုလူတွေမှာ တွေ့ရတတ်သလဲဆိုတော့ ဒီဘက်ခေတ်မှာတော့ အဝလွန်မှာကြောက်တဲ့သူတွေ၊ မော်ဒယ်လ်မမတွေမှာ အတွေ့ရများပါတယ်။ နောက်ပြီး ဆင်းရဲမွဲတေလို့ မစားနိုင်မသောက်နိုင်ဖြစ်ရတဲ့ သူတွေမှာလည်း တွေ့ရတတ်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေမှာပါ တွေ့ရတတ်ပါတယ်။ ဖျားနာခြင်း၊ ကိုယ်ခံအားကျဆင်းခြင်းကြောင့်ဖြစ်တတ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ရှိနေတာမို့ သင်ရောအစားရှောင်တဲ့အထဲ၊ အစားလျှော့တဲ့အထဲ ပါနေပြီဆိုရင် ခပ်မြန်မြန်လေးသာ ကုစားဖို့ လိုပါတယ်။
 
နောက်ပြီး ဆီးဆေးတွေစားနေရသူတွေ၊ ဝမ်းပျက်ရောဂါကုဆေးသောက်နေရသူတွေ ဒါမှမဟုတ် ပိန်ဆေးစားနေတဲ့သူတွေမှာ အာဟာရချို့တဲ့ခြင်းကို အများဆုံးတွေ့ရှိရပြီး ပုံမှန်မဟုတ်တဲ့ ပိန်လှီခြင်းမျိုးကို တွေ့ရပါတယ်။
 
လူတော်တော်များများက အစားအသောက်ကို ချေးများတာမျိုး ရှိပါတယ်။ အဲ့ဒီလိုလူတွေမှာလည်း ဒီရောဂါဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနဲ့ အသားအရောင်ဝါခြင်း၊ ဖျော့တော့တော့အသားအရေဖြစ်လာခြင်း၊ လက်သည်းများ ကျိုးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အအေးဒဏ်ကို မခံနိုင်ခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ဝမ်းချုပ်ခြင်း၊ ရာသီမမှန်ခြင်းများ ဖြစ်တတ်ပါတယ်။
 
အဲဒီထဲက ၈၅ % လောက်ဟာ ပုံမှန်ကိုယ်အလေးချိန်ပဲ ဖြစ်ပြီး အဲဒီပုံမှန်အလေးချိန်ကို တက်သွားမှာ သိပ်ကြောက်သူတွေ ဖြစ်နေတတ်ပါတယ်။ နည်းနည်းလေး ဝလာပြီလို့ ထင်တာနဲ့ ကိုယ့်ကိုယ် ကိုယ် သတ်သေဖို့အထိ ဆတ်ဆတ်ထိမခံတတ်ကြသူတွေလည်း ဖြစ်ပါတယ်။
 
ကုသမယ်ဆိုရင်တော့ နီးစပ်ရာဆေးရုံ ဆေးခန်းတွေမှာ ကုသမှုခံယူရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်မှသာ သူတို့မှာ ဘယ်လောက်ထိ အာဟာရဓာတ်ချို့ယွင်းနေတယ်။ ဘယ်လိုကုသမှုပေးသင့်သလဲဆိုတာ သိမှာမို့လို့ပါပဲ။
 
ဒါကလည်း ထိုနည်းလည်းကောင်းပါပဲ။ အမျိုးသမီးအများစုမှာ တွေ့ရတတ်ပါတယ်။ ဖွံ့ဖြိုးစပြုနေတဲ့ ဆယ်ကျော်သက်အရွယ်တွေမှာလည်း တွေ့ရပြီး အရွယ်ရောက်သူတွေမှာလည်း မလွတ်ပါဘူး။ စိတ်ဖိစီးလို့၊ ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရလို့၊ အအန်ပျောက်ဆေး၊ ဆီးဆေးတွေ သောက်သုံးနေရလို့၊ လေ့ကျင့်ခန်းအလွန်အကျွံလုပ်မိလို့ဆိုတဲ့သူတွေမှာ အဖြစ်များပါတယ်။ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းလွတ်သွားပြီး အိုဗာဝိတ်တွေ ဖြစ်လာပါရော။ ညဘက်အစားအစာအရမ်းစားတဲ့သူတွေကို ကြည့်ရင် ဝမှာကြောက်လို့ အစားရှောင်ရာက ညစာမစားဘူးဆိုပြီး ညနေပိုင်းတစ်ပိုင်းလုံး ရှောင်ခဲ့သမျှ ညလယ် (ဟော်မုန်းထွက်တဲ့အချိန်) ကျတော့မှပဲ ခေါက်ဆွဲတစ်ပွဲဖြစ်ဖြစ်၊ ထမင်းလေးတစ်ဇွန်းနှစ်ဇွန်းဖြစ်ဖြစ် စားတတ်သူတွေပါ။ နောက်ပြီး စိတ်ခံစားမှုဆိုင်ရာနဲ့လည်း ပတ်သက်နေတာတွေ့ရပါတယ်။ ဥပမာ စိတ်ဖိစီးမှုများသူတွေ၊ စိုးရိမ်ပူပန်စိတ်မြင့်မားသူတွေ၊ အတွေးလွန်သူတွေ၊ မကောင်းမြင်စိတ်များတဲ့သူတွေမှာ အတွေ့ရများပါတယ်။
 
သွားဝါခြင်း၊ အစာခြေဂလင်းပြဿနာများဖြစ်ခြင်း၊ လည်ချောင်းနာခြင်း၊ ရင်ပူခြင်း၊ စားချဉ့်ပြန်ခြင်း၊ ဝမ်းချုပ်ခြင်းနဲ့ ရာသီလာတာ ပုံမမှန်ခြင်းစတဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။
 
Credit: 

30 Dec 2020     1,528 Views




RELATED

Most Popular of Health Fix

Most Popular of Life Style