BEC-TERO TV

လမ်းကြောင်းလွဲပျံသန်းမိသော လေယာဉ်

30 Dec 2020     1,423 Views


နားလည်မှုအလွဲကြောင့်လား၊ အချင်းချင်းဆက်သွယ်မှုအားနည်းကြောင့်လား လေယာဉ်ခရီးစဉ်တစ်ခုမှာ လမ်းကြောင်းမှားပျံသန်းမိသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားသွားခဲ့ ပါတယ်။ ခရီးသည် ၆၉ ဦးပါဝင်သော နီပေါနိုင်ငံ Buddha Air လေကြောင်းလိုင်းဟာ မြို့တော် Kathmandu မှ နီပေါနိုင်ငံတောင်ပိုင်း Mithila ၏မြို့တော်ဟောင်း Janakpur မြို့သို့ဦးတည် ပျံသန်းနေစဉ် လေယာဉ်က Janakpur မြို့သို့သွားရန်လမ်းကြောင်း လွဲပြီး ကီလိုမီတာ ၂၅၀ ခန့်ဝေးကွာသော Pokhara မြို့ဘက်သို့ ဦးတည်ပျံသန်းသွားလျက်ရှိ ပါ တယ်။

ဤအဖြစ်အပျက်နှင့်ပတ်သက်ပြီး လေကြောင်းလိုင်း၏တာဝန်ရှိသူအကြီးအကဲမှ ဤကဲ့သို့ ပြန်လည်ရှင်းလင်းပြောကြားထားခဲ့ပါ တယ်။ ထိုအချိန်က ရာသီဥတုပြောင်းလဲမှုကြောင့် လေယာဉ်နောက်ကျခြင်းဖြစ်ရသည့်အကြောင်းရင်းများအနက် ဒီအဖြစ်အပျက်ဟာ ပြောင်းလဲသွားသောလေယာဉ်နံပါတ်နှင့်ပတ်သက်ပြီး မြေပြင်ဝန်ထမ်းနှင့်လေယာဉ်မှူးအကြား လေကြောင်းဆိုင်ရာအရေးပေါ်အချက်အလက် လုပ်ထုံးလုပ်နည်းများကို အသေးစိတ်လိုက်နာဆောင်ရွက်ခြင်းနှင့် အချင်းချင်းအပြန်အလှန်ဆက်သွယ်မှု အားနည်းခြင်းကြောင့် ဖြစ်ရသည်ဟု ပြောကြားထားပြီး၊ ဤဖြစ်ရပ်၌ သက်ဆိုင်သူအားလုံးတို့ကို ပြန်လည်တောင်းပန်ထားတာ တွေ့ရပါတယ်။ အလကားအချိန်ကုန်ဆုံးသွားသောခရီးသည်များအားလုံးကို မြေပြင်တာဝန်ရှိသူများက ထိုနေ့တွင်ပင် အခြားလေယာဉ်တစ်စီးသို့ပြောင်းရွှေ့သယ်ဆောင်ပြီး Janakpur မြို့သို့ခရီးချောမွေ့စွာ ရောက်ရှိသွားကြောင်း သိရှိရပါတယ်။

#popolay #popolaytv #popolaynews


30 Dec 2020     1,423 Views




RELATED

Most Popular of International News

Most Popular of NEWS