BEC-TERO TV

ဓါတ်ကြိုးနဲ့ငြိ၍အခက်တွေ့ခဲ့သော ခရစ်စမတ်ဖိုးဖိုးကြီး

30 Dec 2020     1,576 Views


ပြီးခဲ့တဲ့ ခရစ္စမတ်အတွင်းက ဖြစ်ပျက်သွားတဲ့ ဖိုးဖိုး Santa Claus ရဲ့အလွဲလေးတစ်ခုကို ပြောပြချင်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Sacramento ဒေသရှိ Rio Linda က အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ခရစ္စမတ်နေ့မှာ ဘိုးဘိုး Santa Claus အဖြစ်ဝတ်ဆင်ပြီး ကလေးများကို မုန့်များလိုက်ဝေကျွေးမွေးရန် စီစဉ်ခဲ့ပါတယ် ။ ကလေးတွေကို နေရာစုံမုန့်များလိုက်ဝေနိုင်ဖို့က သာမန်ရိုးရိုးနဲ့သွားတာနဲ့ နေရာစုံမရောက်နိုင်သလို ငြီးငွေ့စရာလည်းကောင်းတယ်ဆိုပြီး၊ အထူးအဆန်းလေးဖြစ်အောင် မော်တာလေထီးဖြင့် ဝေဟင်ပေါ်ကနေ နေရာအနှံ့ပျံသန်းစီးနှင်းသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။

ဒါပေမယ့် ကလေးတွေကိုလက်ဆောင်ပေးဖို့ စိတ်ကူးယဉ်ဆန်တဲ့ သူ့ရဲ့လမ်းခရီးလေးက ကောင်းမွန်စွာမအောင်မြင်နိုင်ခဲ့ပါဘူး ။ သူပျံသန်းပြီး မကြာခင်မှာပဲ ဓါတ်တိုင်က ကေဘယ်ကြိုးမှာ မတော်တဆသွားညှိပြီး အပေါ်ပြန်မောင်းတက်လို့လည်းမရ၊ အောက်ပြန်ဆင်းလို့လည်း မဖြစ်နိုင်နဲ့ ညှပ်မိနေပါတော့ တယ်။ ထိုအခါ ကယ်ဆယ်ရေးအဖွဲ့များမှ လျှပ်စစ်ဓါတ်အားလိုင်းဖြတ်တောက်ပြီး သူ့ကို ကယ်တင်အောက်ချပေးခဲ့ရပါတယ်။ ခရစ္စမတ်နေ့မှာ ကလေးများအတွက်ပျော်ရွှင်မှုပေးကမ်းတဲ့ အစီအစဉ်ဟာ မအောင်မြင်ခဲ့ဘဲ အသက်ဘေး အနရ္တာယ်ပါ ကြုံလာခဲ့ရတဲ့ သူ့ရဲ့စွန့်စားတဲ့လုပ်ဆောင်ချက်က သူ့ဘဝအတွက် မမေ့နိုင်ဘဲအမှတ်တရဖြစ်သွားမှာတော့ သေချာပါတယ်။

#popolay #popolaytv #popolaynews


30 Dec 2020     1,576 Views




RELATED

Most Popular of International News

Most Popular of NEWS