BEC-TERO TV

ဆွာချောင်းအတွင်း နစ်မြုပ်နေသော ဒုတိယကမ္ဘာစစ်လက်ကျန် ကုန်ရထားတွဲကို ဆယ်ယူပြီး အများပြည်သူလေ့လာနိုင်ရန် ဆောင်ရွက်သွားမည်

05 Jan 2021     2,015 Views


ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ရထားလမ်းဘေးရှိ တံတားကြီးကျေးရွာအနီး ဆွာချောင်းအတွင်း နစ်မြုပ်နေသော ဒုတိယကမ္ဘာစစ် လက်ကျန် ရထားကုန်တွဲအား ဆယ်ယူ၍ တံတားကြီးကျေးရွာ အနောက်ဘက်အဝင် ပန်းခြံတည်ဆောက်မည့်နေရာ၌ အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တံတားကြီးကျေးရွာသည် ဆွာချောင်းဖြတ်တံတားကြီးနှင့် အရှေ့ဘက် ကပ်လျက်တည်ရှိနေခြင်းကြောင့် ဒုတိယကမ္ဘာစစ်ကာလ ဂျပန်တပ်များ မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာစဉ် မြန်မာနိုင်ငံ အထက်ပိုင်းသို့ ဆုတ်ခွာ လျက်ရှိသည့် ဗြိတိသျှတပ်များက လေယာဉ်ဖြင့် ဗုံကြဲဖျက်ဆီးခဲ့ရာတွင် ရထားတွဲများ ချောင်းအတွင်း ပြုတ်ကျခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း ဗုံးများ ကျရောက်ပေါက်ကွဲခဲ့ရာ ဗုံးကျင်းနေရာသုံးခုအထိရှိခဲ့ကြောင်း သိမီလိုက်သော သက်ကြီးရွယ်အိုများက ပြောကြားခဲ့သည်။ လက်ရှိ တံတားကြီးနှစ်ခု၏ အောက်၊ အလယ်၊ ဘေးဝဲယာတို့တွင် တံတားအကျိုး အပျက်အပိုင်းအစများစွာ ကျန်ရှိနေဆဲဖြစ်သည်။

ကိုလွင်(ဆွာ)


05 Jan 2021     2,015 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS