BEC-TERO TV

စင်္ကာပူ၌ ၂၀၂၀ ပြည့်နှစ်တွင်စီးပွားရေးကျဆင်းမှုစံချိန်တင် ဖြစ်ပေါ်

05 Jan 2021     1,443 Views


စင်ကာပူ၌ ၂၀၂၀ ပြည့်နှစ် စတုတ္ထလေးလပတ်တွင် စီးပွားရေး ပြန်လည်တိုးတက်လာနိုင်သော်လည်း ကပ်ရောဂါကြောင့် တစ်နှစ်လုံးအတိုင်း အတာဖြင့် စီးပွားရေးကျဆင်းမှု ၅ ဒသမ ၆ ရာခိုင်နှုန်းအထိ စံချိန်တင်ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စီးပွားရေးကျဆင်းမှုသည် စင်ကာပူနိုင်ငံအတွက် ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုလည်း ဖြစ်ခဲ့သလို လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး ကျဆင်းမှုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဝန်ဆောင်မှုလုပ်ငန်းများ လေကြောင်းလုပ်ငန်း၊ ခရီးသွားလာရေးနှင့် ဆောက်လုပ်ရေး ကဏ္ဍတို့တွင် ကျဆင်းမှုအရှိန်အဟုန်ကြီးမားခဲ့သည်။ ပြည်တွင်းအသားတင်ထုတ်လုပ်မှု တန်ဖိုးသည် ၆ ရာခိုင်နှုန်းမှ ၆ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ဖွယ်ရှိကြောင်း အစောပိုင်းကပင် အစိုးရက ခန့်မှန်းထားသည်။

အစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ပြန်လည်ကုစားရေးအစီအစဉ်များကြောင့် တတိယနှင့် စတုတ္ထသုံးလပတ်တို့တွင် စီးပွားရေးတိုးတက်မှုများ ပြန်လည်ဖြစ်ထွန်းလာခဲ့သော်လည်း စတုတ္ထသုံးလပတ်အတွင်း စီးပွားရေး တိုးတက်မှု ၂ ဒသမ ၁ ရာခိုင်နှုန်းသာရရှိခြင်း နှင့်အတူ တစ်နှစ်ပတ်လုံးအတိုင်းအတာဖြင့် စီးပွားရေးကျဆင်းမှုပမာဏမှာ မျှော်မှန်းသလောက် ပြန်လည်နာလန်ထူလာနိုင်မှုမရှိခဲ့ ခြင်း ဖြစ်သည်။

ကိုးကား - စီအင်န်အေ၊

ဘာသာပြန် - မေလဲ့သင်း The Mirror


05 Jan 2021     1,443 Views




RELATED

Most Popular of International News

Most Popular of NEWS