BEC-TERO TV

တောင်ကိုရီးယားရေနံတင်သင်္ဘော အီရန်ဖမ်းဆီး

05 Jan 2021     2,228 Views


အီရန်နဲ့ အမေရိကန်တို့ကြား တင်းမာမှုတွေတိုးနေချိန်မှာပဲ Hormuz ရေလက်ကြားမှာ အီရန်တော်လှန်ရေး အစောင့်တပ်တွေက တောင်ကိုရီးယားအလံလွှင့်ထားတဲ့ ရေနံတင်သင်္ဘောတစင်းကို ဖမ်းဆီးလိုက်တယ်လို့ အီရန်အစိုးရရုပ်သံက တနင်္လာနေ့မှာ ကြေညာပါတယ်။

နိုင်ငံတကာ သင်္ဘောသား ၂၀ လိုက်ပါလာတဲ့ ဒီ Hankuk Chemi သင်္ဘောကို ပြန်လွှတ်ပေးဖို့ တောင်ကိုရီးယားက တောင်းဆိုခဲ့ပြီး သူတို့ စစ်တပ်ရဲ့ ပင်လယ်ဓါးမြခြေမှုန်းရေး တပ်ဖွဲ့ကို Hormuz ရေလက်ကြား နားကိုစေလွှတ်ခဲ့တယ် လို့ပြောကြားကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။ အမေရိကန်ရဲ့ ဒဏ်ခတ် အရေးယူမှုကြောင့် အီရန်ရဲ့ ဘီလီယံနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေကို တောင်ကိုရီးယားက ထိန်းချုပ်ထားတာကို ပြန်ပေးဖို့ အီရန်က လိုလားနေတာ ဖြစ်ပြီး တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီရန်ကို မလာခင် ရက်ပိုင်းအလိုမှာ အခုလို ဖမ်းဆီးခဲ့တာလို့လည်း ဖေါ်ပြပါတယ်။

ဆော်ဒီအာရေဗျကနေ UAE အာရပ်စော်ဘွားများနိုင်ငံကို သွားတဲ့ ဒီသင်္ဘောဟာ ရေကြောင်း သဘာဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေကို ချိုးဖေါက်တာကြောင့် ဖမ်းဆီးတာ ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ် က ပြောပါတယ်။ ဒါ့အပြင် ဒီသင်္ဘောပေါ်မှာပါလာတဲ့ သင်္ဘောသားတွေဟာ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေက ဖြစ်ကြောင်းလည်း ပြောပါတယ်။ အီရန်နဲ့အမေရိကန်တို့ကြား တင်းမာမှုတွေ အရှိန်မြင့်နေချိန်မှာပဲ ပါရှန်ပင်လယ်ကွေ့ကို အမေရိကန်က မကြာသေးခင်ကပဲ နျူကလီယားစွမ်းအားသုံး ရေငုပ်သင်္ဘောတစင်း စေလွှတ်ခဲ့သလို B-52 ဗုံးကြဲလေယာဉ်တွေကိုလည်း ဒေသတွင်းစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

Source : VOA


05 Jan 2021     2,228 Views




RELATED

Most Popular of International News

Most Popular of NEWS