BEC-TERO TV

မန္တလေးဈေးချို ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ တိုင်းအစိုးရကိုတင်ပြထား

07 Jan 2021     1,439 Views


ကိုဗစ်ဒုတိယလှိုင်း စတင်ပြီးနောက် နှစ်လကျော်ကြာ ပိတ်ထားရတဲ့ မန္တလေးဈေးချိုပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ မန္တလေးတိုင်းအစိုးရကို တင်ပြထားပါတယ်။ ပိုးကူးစက်မှုများပြားလာတဲ့အတွက် စက်တင်ဘာလဒုတိယအပတ်ကစတင်ပြီး ဈေးချိုကို ပိတ်လိုက်ရတာဖြစ်ပါတယ်။ အဆင့်မြင့်ဈေးချိုတော် ၊ တိုက်တန်းကြီးများနဲ့ ဈေးရုံအသီးသီးကို ဇန်နဝါရီလ၁၃ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခွင့်ပေးဖို့ တိုင်းအစိုးရကို တင်ပြတောင်းဆိုထားတာဖြစ်ပါတယ်။

ဈေးရုံအသီးသီးကို ပိတ်ထားခဲ့ရတဲ့အတွက် ကုန်စည်လည်ပတ်နိုင်မှု အခက်အခဲတွေ အလုပ်အကိုင်ဆုံးရှုံးမှုတွေ၊ ဆိုင်ခန်းတွေ ပြန်လည်ငှားရမ်းလုပ်ကိုင်နေရတဲ့အတွက် ငွေကြေးဆုံးရှုံးမှုများရှိပြီး ကုန်ကြမ်းဈေးကွက် ဖော်ဆောင်နိုင်မှု အခက်အခဲများရှိနေတယ်လို့ဆိုပါတယ်။ ဈေးရဲ့ အရောင်းအဝယ်အကောင်းဆုံးအချိန်တွေမှာပိတ်ထားခဲ့ရပြီး မကြာခင်ရောက်ရှိလာတော့ မြန်မာနှစ်သစ်ကူး အရောင်းအဝယ်ကာလမတိုင်ခင် ပြန်လည်ဖွင့်လှစ်လုပ်ကိုင်ခွင့်ပြုဖို့ ဈေးဆိုင်ခန်းရှင်တွေ၊ ဈေးဝန်ထမ်းများကဆန္ဒရှိနေတယ်လို့ တင်ပြစာမှာပါရှိပါတယ်။

လက်ရှိအချိန်တွင် သီရိမာလာသားငါးစျေး၊ ကုန်စိမ်းစျေး၊ ပုဂ္ဂလိကရှောပင်းမောများကိုလည်း သတ်မှတ်ချက် စည်းကမ်းများ နှင့်အညီ ဖွင့်လှစ်ခွင့်ပြုထားသလို စျေးချိုတော်ကိုလည်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုပေးစေချင်သည်ဟု စျေးဆိုင်ခန်း ပိုင်ရှင်များ က ပြောပါတယ်။ ဈေးတွင် ဆိုင်ခန်းပေါင်း ၃၂၀၀ခန့်ရှိပြီး အထည်ဆိုင်ဝန်ထမ်းပေါင်း တစ်သောင်းခန့်နဲ့ ပျံကျလုပ်သားပေါင်း နှစ်ထောင်ခန့်ရှိတယ်လို့သိရပါတယ်။

Photo credit


07 Jan 2021     1,439 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS