BEC-TERO TV

တောင်နီလေး ကျောင်းတိုက်ရှိ သံဃာတစ်ပါးက ဦးစန္ဒိမာအားမုဒိမ်းမှုဖြင့် အမှုဖွင့်ထားသည့် အမျိုးသမီး၏ခင်ပွန်းကို ပုဒ်မသုံးခုဖြင့် အမှုပြန်ဖွင့်

07 Jan 2021     1,460 Views


နေပြည်တော်တွင် တောင်နီလေးကျောင်းတိုက်ရှိ သံဃာတော်တစ်ပါးက ဆရာတော်ဦးစန္ဒိမာအား မုဒိမ်းမှုဖြင့် တိုင်ကြားထားသည့် အမျိုးသမီး၏ ခင်ပွန်းကို သာသနာညှိုးနွမ်းစေမှု၊ ဆဲဆိုမှုစသည့် ပုဒ်မသုံးခုဖြင့်ပုဗ္ဗသီရိမြို့နယ်ရှိ ထုံးဖိုမြို့မရဲစခန်းတွင် ပြန်လည်အမှုဖွင့်ထားသည်။

ဇန်နဝါရီ ၄ ရက်က တောင် နီလေးကျောင်းတိုက်မှ အမျိုးသား အဆောင်မှူး ဆရာတော်ဦးပညာဒီပက ထုံးဖိုရဲစခန်းသို့ လာရောက်၍ တရားလိုပြုလုပ်ကာ ပုဒ်မ- ၂၉၅ (ဘာသာသာသနာညှိုးနွမ်း စေမှု)၊ ၅၀၆ (ခြိမ်းခြောက်မှု)၊ ၃၃၆ (အခြားသူ၏ အသက်ကို(သို့မဟုတ်) လုံခြုံရေးကို ဘေးဖြစ်စေမှု)တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ယင်းစခန်းမှ ရဲအရာရှိ တစ်ဦးက အတည်ပြုသည်။ တိုင်ကြားခံရသူ အမျိုးသားသည် ဒီဇင်ဘာ ၁ ရက်က တောင်နီလေးကျောင်းတိုက်သို့ လာရောက်၍ ဆဲဆိုခြင်း၊ ကြိမ်း မောင်းခြင်း၊ ကျောင်းတိုက်ကို ခဲလုံးဖြင့် ပစ်ပေါက်၍ အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း နစ်နာသူအမျိုးသမီး၏ အမှုအားလိုက်ပါဆောင် ရွက်ပေးသူ အထက်တန်းရှေ့ ဦးယုယချစ်က ပြောသည်။

ထို့နောက် တိုင်ကြားခံရသူ အမျိုးသားကို ဇန်နဝါရီ ၅ ရက် တွင် ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ပြီး အာမခံပေး၍ရသည့် ပုဒ်မများဖြစ်ခြင်းကြောင့် အာမခံပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ တိုင်ကြားခံရသူ အမျိုးသား သည် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ ၁ ရက်က တောင်နီလေး ကျောင်းတိုက်သို့ သွားရောက်ခဲ့ ကြောင်း မှန်ကန်ခဲ့သော်လည်း ထိုသို့ ဆဲဆိုကြိမ်းမောင်းခဲ့ခြင်းမရှိ ကြောင်း ၎င်း၏မိသားစုက ငြင်းဆိုသည်။

‘‘တကယ်ဆဲခဲ့တယ်၊ ခြိမ်းခြောက်ခဲ့တယ်ဆိုရင် ဘာဖြစ်လို့ တစ်လလောက်ကြာနေပြီး အခုမှ တိုင်ကြတာလဲ၊ ဘုန်းကြီးက နာမည်ကြီး ဘုန်းကြီးလေ၊ သူ့နားမှာဝန်းရံနေတဲ့သူတွေ အများကြီးလေ။ သူသာ အဲသလို သောင်းကျန်းခဲ့ရင်ရော အစ်မယောကျ်ားခုချိန်ထိ အသက်ရှင်ဖို့တောင်မရှိဘူး’’ဟု နစ်နာသူအမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ ရက်တွင် တောင်နီလေးကျောင်းတိုက်ရှိ ကလေးငယ်များအား ဂျပန်စကား သင်ကြားပေးနေသည့် ဆရာမတစ်ဦးအား တောင်နီလေးကျောင်းတိုက်ဆရာတော် ဦးစန္ဒိမာက အဓမ္မပြုကျင့်သည်ဟု ဆိုကာ ပုဗ္ဗသီရိမြို့နယ် ထုံးဖို ရဲစခန်းတွင် နစ်နာသူအမျိုးသမီး ကိုယ်တိုင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားသည်။

Source : 7 Day News

Photo : Myanmar Now


07 Jan 2021     1,460 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS