BEC-TERO TV

အမေရိကန် လွှတ်တော်ကို ဆန္ဒပြသမားတွေ ဝင်ရောက်စီးနင်း

07 Jan 2021     1,707 Views


ဂျိုး ဘိုင်ဒန်ကို သမ္မတအဖြစ် အတည်ပြုဖို့အတွက် ရီပတ်ပလီကန်အမတ်တွေနဲ့ ဒီမိုကရက်အမတ်တွေ ကွန်ဂရက်အတွင်း အခြေအတင်ဆွေးနွေးနေစဉ် ဆန္ဒပြသမားတွေ လွှတ်တော်ထဲအထိ ရောက်လာလို့ ဆွေးနွေးမှုတွေ ရပ်ဆိုင်းလိုက်ရပါတယ်။ ဒုသမ္မတ အရေးပေါ် နေရာပြောင်းရွှေ့ခဲ့ရပြီး လွှတ်တော်အမတ်တွေလည်း အကာအကွယ် ယူခဲ့ရပါတယ်။

အခုချိန်အထိ ဆန္ဒပြသမားတွေ လွှတ်တော်ဝင်းအတွင်း ရှိနေဆဲဖြစ်ပြီး အခြေအနေတွေ ရှုတ်ထွေးနေခဲ့ပါတယ်။ ဒီဆန္ဒပြသူတွေဟာ ပြီးခဲ့တဲ့ မီနစ်ပိုင်းကမှ သမ္မတထရမ့်ရဲ့ မိန့်ခွန်းကို နာခံလာသူတွေဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်ဝန်ကတော့ ညနေ ၆ နာရီနောက်ပိုင်း အပြင်မထွက်ဖို့ အမိန့်ထုတ်ထားပါတယ်။


07 Jan 2021     1,707 Views




RELATED

Most Popular of International News

Most Popular of NEWS