BEC-TERO TV

ပထမဆုံး တိုင်းအဆင့်အုပ်ချုပ်ရေးမှူးအဖြစ် အမျိုးသမီးတစ်ဦးအား ခန့်အပ်

08 Jan 2021     1,824 Views


ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဆွေဆွေနိုင်ကို နေပြည်တော် အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်းကိုတော့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ဇန်နဝါရီ (၆) ရက်က အမိန့်ကြော်ငြာစာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အမျိုးသမီးတွေထဲက အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေကြသူတွေထဲမှာ ကိုကိုးကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ ပထမဦးဆုံး မြို့နယ်အဆင့် အမျိုးသမီး အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရပ်/ကျေး အဆင့်မှာတော့ လူနည်းစုသာ အမျိုးသမီး အုပ်ချုပ်ရေးမှူးတွေ အဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေး၀န်ကြီးဌာန လက်‌အောက်ကနေ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို ပြောင်းရွှေ့ခဲ့ပြီး (၂) နှစ်ကျော်အကြာမှာ အခုလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


08 Jan 2021     1,824 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS