BEC-TERO TV

သမ္မတထရမ့်ကို ရာထူးက ဖယ်ရှားဖို့ လွှတ်တော်ဥက္ကဌ Nancy Pelosi တောင်းဆို

08 Jan 2021     1,371 Views


ယမန်နေ့ကဖြစ်ခဲ့တဲ့ ထရမ့်ထောက်ခံသူတွေက အမေရိကန်လွှတ်တော်အဆောက်ဦကို အကြမ်းဖက်ဝင်စီးပြီးနောက် သမ္မတထရမ့် ရာထူးက ချက်ခြင်းနုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေ များလာနေပါတယ်။ ထင်ရှားတဲ့ ဒီမိုကရက်အမတ် Chuck Schumer က တောင်းဆိုပြီးတဲ့နောက် အခု လွှတ်တော်ဥက္ကဌ Nancy Pelosi ကိုယ်တိုင်က အခုလို တောင်းဆိုလာတာဖြစ်ပါတယ်။

''သမ္မတရဲ့ လှုပ်ဆော်အားပေးမှုနဲ့ လွှတ်တော်ကို တိုက်ခိုက်တာဟာ အမေရိကန်ပြည်ထောင်စုကို ပုန်ကန်တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့် ဒီသမ္မတကို ရုံးမှာ နောက်ထပ် တစ်ရက် ဆက် မထားသင့်တော့ပါဘူး'' လို့ Chuck Schumer ကပြောပါတယ်။ Nancy Pelosi က ဒီတောင်းဆိုချက်ကိုထောက်ခံကြောင်း သတင်းစာရှင်းပွဲအတွင်းပြောသွားပြီး ဒါကို အမြန်ဆုံးဆောင်ရွက်ဖို့ ဒုသမ္မတ Mike Pence ကိုတောင်းဆိုလိုက်ပါတယ်။

အခြေခံဥပဒေပြင်ဆင်ချက် ပုဒ်မ ၂၅ အရ ဒါကိုလုပ်ဆောင်ရမယ်လို့ သူမက တိုက်တွန်းပြီး တကယ်လို့ ဒုသမ္မတက မဆောင်ရွက်ဘူးဆိုရင် တာဝန်ပျက်ကွက်မှုနဲ့ လွှတ်တော်က အရေးယူဆောင်ရွက်သွားမယ်လို့ လွှတ်တော်ဥက္ကဌ Nancy Pelosi က သတိပေးသွားပါတယ်။

Source: CNN One News


08 Jan 2021     1,371 Views




RELATED

Most Popular of International News

Most Popular of NEWS