BEC-TERO TV

ထိုင်းနိုင်ငံ၏ လူဦးရေတစ်ဝက်ကို ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်

08 Jan 2021     1,420 Views


ထိုင်းနိုင်ငံ၏ လူဦးရေတစ်ဝက်ကို ယခုနှစ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို လာမည့်လတွင် စတင်ရန် ပြင်ဆင်ထားသည့်အတွက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအခမဲ့ထိုးနှံပေးရေးနှင့်စပ်လျဉ်းသည့် အချက်အလက်များကို ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်သည့် Sinovac Biotech မှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ နှစ်သိန်းကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလတွင် စတင်လက်ခံရရှိမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများနှင့် အသက်အရွယ်ကြီးသူများမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကနဦးရရှိမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် တရုတ်ဆေးဝါးကုမ္ပဏီ Sinovac Biotech ထံမှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအလုံးရေ နှစ်သန်းဝယ်ယူထားပြီး မတ်လတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ရှစ်သိန်းကိုလည်းကောင်း၊ ဧပြီလတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်သန်းကိုလည်း ကောင်း ထပ်မံလက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ထိုင်းအစိုးရအနေဖြင့် AstraZeneca ထံမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂၆ သန်းကိုလည်း ကြိုတင်မှာယူထားပြီးဖြစ်ကြောင်း သိရသည်။

ကိုးကား-ဗန်ကောက်ပို့စ်၊

ဘာသာပြန်-အလင်းသစ် The Mirror


08 Jan 2021     1,420 Views




RELATED

Most Popular of International News

Most Popular of NEWS