BEC-TERO TV

ရွှေပြည်သာ၌ ဖမ်းမိသည့် ဘင်္ဂါလီများမှ ငါးဦး COVID-19 ပိုးတွေ့

08 Jan 2021     2,326 Views


ရွှေပြည်သာမြို့နယ်အတွင်း ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီလူမျိုး အယောက် (၁၀၀) နီးပါးထဲက ငါးယောက်မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ ဖမ်းမိတဲ့ ဘင်္ဂါလီတွေကို ကွန်ပျူတာတက္ကသိုလ်မှာ အသွားအလာကန့်သတ် ထားရှိပြီး မနေ့က ရောဂါပိုး ရှိမရှိ စစ်ဆေးရာမှာ အမျိုးသမီး ငါးယောက်မှာ ရောဂါပိုး တွေ့ရှိတာ ဖြစ်ပါတယ်။ ပိုးတွေ့ ဘင်္ဂါလီတွေနဲ့ အနီးကပ်ထိတွေ့မှု ရှိခဲ့တဲ့ ရွှေပြည်သာမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို Quarantine ထားရှိမှာ ဖြစ်ပြီး ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ ဌာနဆိုင်ရာ ပူပေါင်းအဖွဲ့ဝင် တချို့ကတော့ Home Stay ဝင်‌ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၆) ရက်၊ မနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ (၂) ရပ်ကွက် နဲ့ (၃) ရပ်ကွက်ရှိ နေအိမ်နှစ်အိမ်မှာ တရားမဝင် ရောက်ရှိ ပုန်းအောင်းနေတဲ့ ဘင်္ဂါလီ အမျိုးသား (၂၆) ယောက် နဲ့ အမျိုးသမီး (၇၃) ယောက်တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး သူတို့ကို ခေါ်ဆောင်လာတဲ့ ပွဲစားလေးယောက်ကိုတော့ ရွှေပြည်သာ မြို့မရဲစခန်းမှာ သွေးဆောင်ခေါ်ဆောင်မှု ပုဒ်မ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့


08 Jan 2021     2,326 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS