BEC-TERO TV

မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ အကြီးစားပြန်လည်ပြင်ဆင်မှု (၅၂%) ပြင်ဆင်ပြီးစီး

11 Jan 2021     1,490 Views


တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ၁၉၉၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင်လှူဒါန်းထားသည့်ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းတွင်ရှိသော အမျိုးသားဇာတ်ရုံအား ၂၀၁၉ ခုနှစ်မှစတင်၍ (၂) နှစ်တာ လုပ်ငန်းအစီအစဉ်ဖြင့် ဇာတ်ရုံအတွင်းပိုင်းပြင်ဆင်မှုများအား တရုတ်နိုင်ငံမှပညာရှင်များက တာဝန်ယူပြင်ဆင်လျက်ရှိပါသည်။

COVID - 19 ကာလအတွင်းမှာပင် လုပ်ငန်းခွင်ရပ်နားခြင်းမရှိဘဲ ပြည်တွင်းပြည်ပအလုပ်သမား (၁၀၀) ကျော်အားအမျိုးသားဇာတ်ရုံဝင်းအတွင်း camp ထားရှိကာ လုပ်ငန်းခွင်အား လည်ပတ်စေခြင်းဖြစ်သဖြင့် ယခုအခါ ဇာတ်ရုံပြင်ဆင်မှုမှာ (၅၂%) ပြီးစီးနေပြီဖြစ်သည်။

ယခုအခါ နှစ်ပေါင်း(၃၀)ကျော်ကြာမြင့်နေပြီဖြစ်သည့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ၏ ပင်မအဆောက်အအုံ ကြံ့ခိုင်မှု၊ အသံစနစ်၊ မီးအလင်းအမှောင်စနစ်၊ LED စနစ်၊လေအေးပေးစက်စနစ်များအား ပြန်လည်စစ်ဆေးမွမ်းမံမှုများ ပြုလုပ်နေကာ ဇာတ်ရုံကြီး၏ လုံခြုံမှုအဆင့်အတန်းအတွက် CCTV များတပ်ဆင်မည်ဖြစ်သည်။ ထို့အပြင် မျှော်လင့်မထားသည့် မတော်တဆမှုအန္တရာယ် ပေါ်ပေါက်လာပါက မီးငြိမ်းသတ်ရေးစနစ်နှင့် ဧည့်ပရိသတ်များ အဆောက်အအုံတွင်းမှ အလွယ်တကူထွက်ခွာနိုင်ရန်စနစ်များလည်း ဖြည့်ဆည်းတပ်ဆင်သွားမည် ဖြစ်သည်။

Photo credit


11 Jan 2021     1,490 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS