BEC-TERO TV

ကိုဗစ်ကာလ အလွန်၌ နောင်ချိုမြို့ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတား တည်ဆောက်မည်

11 Jan 2021     2,329 Views


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတားကို ဂုတ်ထိပ်တံတားအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး မှန်တံတားနှင့်အတူ အပန်းဖြေစီမံကိန်းစခန်းတစ်ခုကိုပါ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးမှန်တံတားဖြစ်သော ဂုတ်ထိပ်တံတားစီမံကိန်း၏ တည်ဆောက်မှုအပိုင်းကို တရုတ်နိုင်ငံမှ ပညာရှင်များအားခေါ်ယူ၍ ချယ်ရီမူဆယ်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်သည်။ အဆိုပါ စီမံကိန်းကို ကိုဗစ်-၁၉ ကာလအလွန်မှသာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွေးငယ် (နောင်ချို-ပြန်ဆက်)


11 Jan 2021     2,329 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS