BEC-TERO TV

ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးနှံခံရသော ကံကောင်းသူများ

11 Jan 2021     1,406 Views


အမေရိကန်ပြည်ထောင်စု၊ ဝေါရှင်တန်ဒီစီက “ဒေးဗစ် မက်မဲလ်လန်” ဆိုသူ ဥပဒေကျောင်းသားလူငယ်တစ်ဦးနှင့်သူငယ်ချင်းများသည် မမျှော်လင့်ထားဘဲ အလကားနေရင်းထိုင်ရင်းနဲ့ moderna Pfizer ဆေးကုမ္ပဏီရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အခမဲ့ထိုးနှံခြင်းခံလိုက်ရပါတယ်။

ယခုနှစ်အစမှာ ကံကောင်းသူများလို့ ပြောလို့ရတဲ့ ဒေးဗစ်၏ပြောကြားချက်အရ ပြီးခဲ့သော ဇန်နဝါရီလ ၄ ရက်နေ့တွင် သူနှင့်သူငယ်ချင်းများ စျေးဝယ်စင်တာတစ်ခုမှာစျေးဝယ်ထွက်ရင်း ဆေးဆိုင်တစ်ဆိုင်က သူတို့ကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် အကြံပြုကမ်းလှမ်းလာခဲ့ပါတယ်။ အမှန်တကယ်တော့ ဒီဆေးဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ဦးစားပေးထိုးနှံပေးရမှာပါ။ ဖြစ်ချင်တော့ ထိုနေ့တွင် ဆေးလာထိုးခံရမယ့် ဆေးဝန်ထမ်းများက မလာအားကြဘဲ ကံကောင်းစွာဖြင့် ဒေးဗစ်နှင့်သူငယ်ချင်းများ အခမဲ့ထိုးနှံလိုက်ရခြင်းပဲဖြစ်ပါတယ်။

moderna ၏ကာကွယ်ဆေးဟာ အလွန်အေးမြတဲ့အပူချိန်အောက်မှာ သိုလှောင်ထားပေးရမှာဖြစ်ပြီးတော့ အပြင်ယူထုတ်လိုက်တာနဲ့ တစ်ခါတည်းအသုံးပြုပေးရမှပါ၊ ဆေးအာနိသင်ပျောက်ပြယ်သွားနိုင်သောကြောင့် ဖြစ်ပါတယ်။ ဒေးဗစ် ကာကွယ်ဆေးထိုးတဲ့ကလစ်ဗီဒီယိုလေးကို သူ့ရဲ့ TikTok မှာတင်လိုက်ပြီးတဲ့နောက် ဝင်ရောက်ကြည့်ရှုသူပေါင်း ၇ သိန်းကျော်အထိရှိခဲ့ပါတယ်။ ယခု လာမည့်ဖေဖော်ဝါရီလမှာ သူနှင့်သူငယ်ချင်းများ ကာကွယ်ဆေးဒုတိယတစ်ချောင်း နောက်ထပ်ထိုးရန် မျှော်လင့်ကြောင်း ဆိုထားပါတယ်။

#popolay #popolaytv #popolaynews


11 Jan 2021     1,406 Views




RELATED

Most Popular of International News

Most Popular of NEWS