BEC-TERO TV

ကိုဗစ်-၁၉ ကြောင့် ဂျပန်ငါးလေလံစျေး အဆမတန်ကျဆင်း

11 Jan 2021     1,401 Views


နှစ်ဟောင်းတွေကုန်ဆုံးပြီး နှစ်သစ်မင်္ဂလာကူးပြောင်းချိန်ခါရောက်နေသော်လည်း တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကပ်ရောဂါကြီး အရှိန်အဟုန်မြင့်မားနေဆဲကြောင့် အရာအားလုံးက ပုံမှန်မရှိသေးသလောက် တည်ငြိမ်ရပ်တန့်နေဆဲဖြစ်ပါတယ် ။ ထိုနည်းတူပင် ဂျပန်က တူနာငါးလေလံပွဲစျေးကွက်ဟာ လည်း အရင်တိုင်းလို စည်စည်ကားကားတက်တက်ကြွကြွ မရှိတော့ဘဲ စျေးအကျဆုံးဖြစ်သွားခဲ့ပါ တယ်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Toyosu ငါးစျေး၏ ယခုနှစ်ပထမဆုံးလေလံပွဲဟာ ဇန်နဝါရီလ ၅ ရက်နေ့တုန်းက ပြီးဆုံးသွားပြီးဖြစ်ပြီးတော့၊ စျေးအကြီးဆုံးရရှိသွားသောငါးမှာ အရည်အသွေးကောင်းမွန်တူနာငါးများရရှိရာ အရပ်ဒေသဟုနာမည်ကျော်ကြားခဲ့သော ဂျပန်မြောက်ပိုင်းရှိ Aomori ဒေသမှ ဖမ်းမိရရှိတဲ့ အလေးချိန် ၂၀၈ ကီလိုဂရမ်ရှိ မိုးပြာရောင်ရေယက်တူနာငါးကြီးတစ်ကောင်ဖြစ်ပြီး၊ စျေးနှုန်းအားဖြင့် ယန်း ၂၀.၈၄ သန်း ရရှိသွားတာဖြစ်ပါတယ်။

၎င်းသည် စျေးနှုန်းမြင့်မားနေဟု ထင်ရသော်လည်း ယခင်နှစ်တွေက လေလံအောင်မြင်သွားတဲ့သူတွေနဲ့စာလျှင် စျေးနှုန်းက အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါသေးတယ်။ ပြီးတော့ စျေးနှုန်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာအတွင်း စံချိန်ထက်အဆများစွာနိမ့်ကျနေတာလည်း တွေ့ရတယ်။ အဆိုပါ Toyosu ငါးစျေးသည်၊ ၈၃ နှစ်ကြာဖွင့်လှစ်လာသော နာမည်ကျော် Tsukiji ငါးစျေးကြီး အပြီးပိုင်ပိတ်ပင်သွားပြီးနောက်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အသစ်ပြန်လည်ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

မိုးပြာရောင်ရေယက်တူနာငါးသည် ဂျပန်လူမျိုးများရဲ့အကြိုက်ဆုံးအစားအစာတစ်ခုဖြစ်ပြီး၊ အများအပြားစားသုံးလေ့ရှိပြီးတော့၊ နှစ်စဉ်နှစ်တိုင်းအလွန်အကျွံငါးဖမ်းမှုရှိသောကြောင့် မျိုးသုဉ်းရန်စိုးရိမ်နေရသည့်အဆင့်ထိ ဖြစ်နေပါပြီ။

#popolay #popoalytv #popolaynews


11 Jan 2021     1,401 Views




RELATED

Most Popular of International News

Most Popular of NEWS