BEC-TERO TV

ဦးပိန်တံတားအနီးက ရှေးဟောင်းသမိုင်း၀င် တောင်မင်းကြီးဘုရားအား ပြင်ဆင်နေ

14 Jan 2021     1,693 Views


နှစ်ပေါင်းနှစ်ရာကျော် သက်တမ်းရှိသည့် အမရပူရ တောင်မင်းကြီးဘုရားကို ကိုဗစ်အလွန်ကာလ ထူးခြားသပ္ပာယ်စွာ ဖူးတွေ့ရန်အတွက် ပြင်ဆင်မှုများပြုလုပ်နေကြောင်း တောင်မင်းကြီး ဘုရားဂေါပကအဖွဲ့က သိရသည်။ ဘုရားဘဏ္ဍာတော်ငွေနှင့် ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး အမရပူရ ဂိုဏ်းပေါင်းစုံ ဆရာတော်များ၏ ဩဝါဒခံယူပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

“၂၀၁၃-၂၀၁၄ လောက်က အကြီးစားပြင်တယ်၊ မျက်နှာကျက်တွေတပ်တယ်၊ မကိုဋ်တော်ကြီးထဲမှာ ဟိုတုန်းကတော့ ခိုတွေ၀င်ငှက်တွေ၀င်တဲ့ အခါကျတော့ အဲဒါကိုရှင်းယူရတာ ထော်လာဂျီ ၃ စီးတိုက်လောက်ရှိတယ်၊ အခုလည်း အဲဒါတွေကို ပြန်မွမ်းမံရတယ်၊ မြန်မာမှုထည့်ထားတာတွေ ပန်းဆွဲပန်းတောင်တွေ ထီးတော်တွေ ပြန်ပြင်တယ်၊ စောင်းတန်းဆို အရင်ကနှစ်သွယ်ပဲရှိတယ်၊ အခု ၄ သွယ်ဖြစ်လာပြီ၊ အရင်ကဆိုရင် မျက်နှာကျက်ကမလှတော့ ဘုရားနဲ့မသင့်တယ်ဘူး၊ အဲဒါကိုလည်း အခုဆေးခြယ်တာတွေ လုပ်တာပေါ့” ဟု ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦသန်းမြင့်က ပြောသည်။

မန္တလေးမြို့၏ အထင်ကရ ရှေးဟောင်းသမိုင်း၀င် တောင်မင်းကြီးဘုရားသည် ဦးပိန်တံတား၏ အနောက်ဘက် တောင်သမန်အင်းဇောင်းတွင် တည်ရှိပြီး လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ရာကျော် ခရစ်နှစ် ၁၇၈၆ ခုနှစ်က ၀န်ကြီး အသည်၀န် မဟာမင်းလှကျော်စွာ တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် ဘုရားဖြစ်သည်။

ဖြိုးအိ/MDN


14 Jan 2021     1,693 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS