BEC-TERO TV

“2021-Bye Bye Corona” ဆေးထိုးအပ်ကိတ်မုန့်

14 Jan 2021     1,376 Views


အပြိုင်အဆိုင်များသော ဒီခေတ်ကြီးမှာ စီးပွားရေးပြုလုပ်ခြင်းသည် ပစ္စည်းအရည်အသွေး၊ ဝန်ဆောင်မှုနှင့် စျေးနှုန်း ဒီအချက်တွေ အဓိကဂရုစိုက်ရသည့်အပြင် ပြောင်းလဲမြန်တဲ့ခေတ်ရေစီးကြောင်းကိုလည်း အမြဲတမ်းလေ့လာနေဖို့ အရေးကြီးတယ်။ အထူးသဖြင့် အခုလို ဘဝနေထိုင်မှုပုံစံသစ် (New normal) ခေတ်ကြီးမှာ လူနေမှုဘဝရော စီးပွားရေးလောကအပါ ရှင်သန်ရပ်တည်နိုင်ဖို့ ပို၍လိုက်လျောညီထွေဖြစ်ရန် လိုအပ်ပါတယ်။

ဂျာမနီအနောက်ပိုင်း ဒေါ့တ်မွန်းရှိ မုန့်ဆိုင်တစ်ဆိုင်တွင် နှစ်သစ်အစမှာ ကမ္ဘာကြီး ကိုဗစ်-၁၉ ကာကွယ်ရေးစတင်ထိုးနှံ မှုရှိခြင်းနှင့်အတူ အောင်ပွဲခံကျင်းပခြင်းအနေဖြင့် “2021-Bye Bye Corona” လို့စာရေးထားသော ဆေးထိုးအပ်ပုံစံကိတ်မုန့်ကို ပြုလုပ်ဖန်တီးရောင်းချပေးနေပါတယ်။

ဒီဆိုင်က ကိုဗစ်-၁၉ နဲ့ပတ်သက်တဲ့မုန့်ပြုလုပ်ရောင်းချတာ ပထမဆုံးမဟုတ်ဘူး။ ယခင်နှစ်က လူများစွာ စျေးဝယ်စင်တာတွေမှာ အိမ်သာသုံးတစ်သျှူးစက္ကူလိပ် စျေးပျက်တဲ့အဆင့်ထိ အလုအယက်လိုက်လံဝယ်ယူမှုတွေ ဖြစ်ပွားပြီးတဲ့နောက် အိမ်သာသုံးတစ်သျှူးစက္ကူလိပ်ပုံစံကိတ်မုန့်လို ဖန်တီးပြုလုပ်ရောင်းချခဲ့ဖူးပါသေးတယ်။

သူတို့ရဲ့ ဖန်တီးမှုဟာ လူများကြိုက်ကြပါ့မလားလို့ အစပိုင်းမှာ စိုးရိမ်ခဲ့သော်လည်း နောက်ဆုံးတော့ ပြုလုပ်ရန်ဆုံးဖြတ်လိုက်တယ်။ အရသာကောင်းလွန်းတဲ့ ဒီကာကွယ်ဆေးကိတ်မုန့်က ဘေးထွက်ဆိုးကျိုးမရှိတဲ့ ကာကွယ်ဆေးလေးဖြစ်ပြီးတော့ စားပြီးထပ်စားချင် အကြိမ်ပေါင်းများစွာ ပြန်လာဝယ်စားမှာ အာမခံတယ်လို့ ရေးသားထားပါတယ်။

#popolay #popolaytv #popolaynews


14 Jan 2021     1,376 Views




RELATED

Most Popular of International News

Most Popular of NEWS