BEC-TERO TV

ကိုဗစ်-၁၉ မူလဇစ်မြစ် စုံစမ်းမယ့် WHO အဖွဲ့ ဝူဟန်မြို့ကို ရောက်ပြီ

14 Jan 2021     2,384 Views


ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့တဲ့ တရုတ် အလယ်ပိုင်း ဝူဟန်မြို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နိုင်ငံတကာသုတေသီပညာရှင်အဖွဲ့ ယနေ့ ကြာသပတေးနေ့က ရောက်ရှိလာပြီလို့ သိရပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါမူလအစကို စုံစမ်းစစ်ဆေးဖို့အတွက် တရုတ်အစိုးရက ခွင့်ပြုပေးခဲ့ပြီးနောက် ခုလို ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဝူဟန်မြို့ကို စေလွှတ်ခဲ့တဲ့အဖွဲ့မှာ ပညာရှင် ၁၀ ဦးလိုက်ပါလာပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ရောဂါစတင်ဖြစ်ပွားမှုအကြောင်း စုံစမ်းဖို့ တိုင်ကြားခဲ့ပြီးနောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဦးဆောင်ပြီး စုံစမ်းနေတာပါ။ တရုတ်နိုင်ငံကို လာရောက်စုံစမ်းဖို့ လပေါင်းများစွာ ညှိနှိုင်းဆွေးနွေးခဲ့ပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်အစိုးရက အတည်ပြုပေးခဲ့တာလည်း ဖြစ်ပါတယ်။

ယနေ့ ဝူဟန်မြို့ကို WHO အဖွဲ့ရောက်ရှိလာတဲ့အကြောင်းကိုတော့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနကနေ ဖော်ပြသွားပါတယ်။ ဒီပညာရှင်အဖွဲ့မှာတော့ အမေရိကန်၊ ဩစတြေးလျ၊ ဂျာမနီ၊ ဂျပန်၊ ဗြိတိန် အစရှိတဲ့နိုင်ငံတွေက ဗိုင်းရပ်စ်နဲ့အခြားကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။


14 Jan 2021     2,384 Views




RELATED

Most Popular of International News

Most Popular of NEWS