BEC-TERO TV

ရွှေဖြင့်ပြုလုပ်ဖန်တီးထားသော နှာခေါင်းစည်းတပ် ရွှေလည်ဆွဲ

14 Jan 2021     2,130 Views


လွန်ခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံ၊ ကျန်ထဘူရီစီရင်စုရှိ ရွှေဆိုင်တစ်ဆိုင်တွင် ရွှေဖြင့်ပြုလုပ်ဖန်တီးထားသော နှာခေါင်းစည်းတပ် ရွှေလည်ဆွဲကြိုးအား ပုံစံအမျိုးမျိုးဖြင့်ထုတ်လုပ်ရောင်းချသောသတင်း အွန်လိုင်းမှာပျံ့နှံ့ထွက်ရှိလာခဲ့ပြီး လူစိတ်ဝင်စားမှုအများအပြားရရှိသွားခဲ့ပါတယ်။

အဆိုပါရွှေဆိုင်ပိုင်ရှင်ဟာ အစက ကိုယ်တိုင်ဝတ်ဆင်ရန် ဆိုင်မှာစမ်းသပ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး စိတ်ဝင်စားကြတဲ့ ဖောက်သည်များက အများအပြားမေးမြန်းလာကြတာ တွေ့ရပြီးနောက် ဆိုင်မှာ ထုတ်လုပ်ရောင်းချရန် စီစဉ်ခဲ့တာလည်း ဖြစ်ပါတယ်။ ထိုအခါ ဆိုရှယ်မီဒီယာတွေမှာအစမ်းတင်ကြည့်လိုက်တာနဲ့ တင်ပြီး မကြာခင်မှာပဲ လူများစွာစိတ်ဝင်စားပြီး အများအပြားမျှဝေထားကြတာ တွေ့ရပါတယ်။

အခုဆိုရင် ဝယ်လိုရန် စိတ်ဝင်စားတဲ့ဖောက်သည်များစွာ ဆိုင်မှာလာအားပေးနေပြီလို့ ဆိုပါတယ်။ ဖောက်သည်အများစုသည် အလေးချိန် ၂ မတ်သားကနေ ၁၀ ကျပ်သားအထိ ရွှေထည်များ ဝယ်ယူအားပေးကြလေ့ရှိပြီးတော့၊ လူကြိုက်အများဆုံးကတော့ အလေးချိန် ၁ ကျပ်သားရွှေထည်များက ပိုပြီးခေတ်စားကြပါတယ်။ ဖောက်သည်များ စိတ်ကြိုက်ရွေးချယ်ဝယ်ယူရန်အတွက် ဆိုင်က ဒီဇိုင်းနှင့်ပုံစံအမျိုးမျိုးထုတ်လုပ်ရောင်းချပေးနေပါတယ်။

ဆိုင်က ဝယ်ယူအားပေးသွားကြသောဖောက်သည်များအား ပိုပြီးသတိထားဝတ်ဆင်နိုင်ရန်၊ အနရ္တာယ်ဘေးကင်းလုံခြုံတဲ့နေရာမျိုး (သို့) အရေးကြီးပွဲနှင်းသဘင်နေရာများသာ ဝတ်ဆင်ကြရန် နှင့် ရာဇဝတ်ကျူးလွန်မှုဆွဲဆောင်လွယ်တဲ့ လူသူရှင်းတဲ့နေရာများမှာ မဝတ်ဆင်သင့်ရန် အကြံပြုထားပါတယ်။

#popolay #popolaytv #popolaynews


14 Jan 2021     2,130 Views




RELATED

Most Popular of International News

Most Popular of NEWS