BEC-TERO TV

အိန္ဒိယတွင် ရိုးရာငါးဖမ်းပွဲတော်ကျင်းပ

14 Jan 2021     2,444 Views


အိန္ဒိယနိုင်ငံ ပါဘာရီက ဂိုရိုအီမာရီကန်ကြီးမှာ ယမန်နေ့တွင် နှစ်စဉ်ကျင်းပမြဲ ဘိုဂါလီ ဘီဟူကောက်ရိတ်သိမ်းပွဲ ကျင်းပခြင်းနဲ့အတူ ဒေသက အသိုက်အဝန်းအတွင်းရှိသူများ စုပေါင်းဆင်နွှဲကြတဲ့ ငါးဖမ်းပွဲတော်ကို ရွာသားများစွာ ပါဝင်ခဲ့ကြပါတယ်။

ပိုက်တွေ ခြင်းတွေ ပလိုင်းတွေ စကာတွေနဲ့ ကလေးရော လူကြီးပါမကျန် နည်းမျိုးစုံနဲ့ စုပေါင်းငါးဖမ်းဆီးကြခြင်းက သူတို့ရဲ့ရိုးရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆောင်းရာသီကောက်ရိတ်သိမ်းပွဲ ပြီးဆုံးခြင်းအထိမ်းအမှတ်အဖြစ် အာသံပြက္ခဒိန်အရ Magh လပထမရက်မှာ ခုလိုပဲကျင်းပလေ့ရှိတာပါ။


14 Jan 2021     2,444 Views




RELATED

Most Popular of International News

Most Popular of NEWS