BEC-TERO TV

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်း‌ဆောင်များနှင့် NLD ပါတီခေါင်းဆောင်များ တောင်ကြီးတွင် တွေ့ဆုံ

15 Jan 2021     2,168 Views


ရှမ်းပြည်နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီခေါင်းဆောင်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ ယနေ့ မနက်ပိုင်းက တောင်ကြီးမြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ SNLD ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်နှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ဦးစိုင်းစံဖွဏ်ဆိုင်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်တို့ တက်ရောက်ခဲ့ကြသည်။

Photo credit


15 Jan 2021     2,168 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS