BEC-TERO TV

ဥရောပတစ်ဝန်း အအေးလှိုင်းကျရောက်နေပြီး နှင်းများသည်းထန်စွာကျဆင်းနေ

15 Jan 2021     1,893 Views


ဥရောပတစ်ဝန်းမှာ ဇန်နဝါရီလဆန်းပိုင်းကစပြီး အအေးလှိုင်းများကျရောက်မှုနဲ့ နှင်းမိုင်တိုင်းများကြောင့် ပိုမိုအေးခဲမှုတွေနဲ့အတူ နှင်းကျဆင်းမှုတွေကလည်း သည်းထန်လာခဲ့ပါတယ်။ ရုရှားနိုင်ငံ ဗလာဒီမီယာဒေသက ဇိုလော့ကော့စကီးရွာဟာ မော်စကိုကနေမှ ကီလိုမီတာ ၃၀၀ ကွာဝေးပြီး နှင်းများသည်းထန်စွာ ကျဆင်းလျှက်ရှိတဲ့ နေရာလည်း ဖြစ်ပါတယ်။

ရုရှားရဲ့ နိုင်ငံအလယ်ပိုင်းမှာ အပူချိန်က အနုတ် ၁၇ ဒီဂရီဆဲလ်စီးရပ်စ်ထိ ကျဆင်းနေပါတယ်။ ဆွီဒင်မှာတော့ နှင်းတွေထူထပ်စွာကျဆင်းခဲ့လို့ တောင်ပိုင်းက ခရစ်ရှန်စတက်မှာ ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့ပါတယ်။ ခရီးသည် ၅ ဦးဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဂျာမနီနိုင်ငံ ဘာဗေးရီးယားရဲ့ ကာတန်ဘန်းမှာ နှင်းတွေကပိန်းနေအောင်ကို ကျဆင်းထားပါတယ်။ ဆောင်းရာသီမှာတော့ အမြဲလိုအပူချိန်က အအေးမှတ်ထိကို ရောက်နေတတ်တာလည်း ဖြစ်ပါတယ်။

စပိန်မှာတော့ အပူချိန်တွေအလွန်အမင်းကျဆင်းနေပြီး တစ်ချို့ဒေသတွေမှာ စံချိန်တင်ကျဆင်းမှုတွေလည်း ရှိနေပါတယ်။ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ အေးခဲမှုတွေကြောင့် လမ်းတွေကိုပိတ်ထားရပါတယ်။ ဖင်လန် ကစ်တီလာမှာ လမ်းတွေပေါ်နှင်းတွေကျ သစ်ပင်တွေမှာ နှင်းတွေဖုံးနဲ့ Lapland ဒေသရဲ့ အလှကတော့ ရှုမငြီးနိုင်စရာပါ။ အပူချိန်ကတော့ အနုတ် ၃၀ ဒီဂရီဆဲလ်စီးရပ်စ်ထိ ကျဆင်းနေပါတယ်။

Credit: MRTV

#Popolay #Popolaytv #News #International_News


15 Jan 2021     1,893 Views




RELATED

Most Popular of International News

Most Popular of NEWS