BEC-TERO TV

မွေးကင်းစ ကလေးတွေကို လူမဆန်စွာ စွန့်ပစ်မှုမျိုး ရှောင်ကြည်ကြဖို့ ခိုင်နှင်းဝေ ပြော

15 Jan 2021     2,457 Views


ချက်တောင်မကြွေသေးတဲ့ ကလေးကို ကားပေါ်မှာ စွန့်ပစ်သွားပြန်ပြီ။

"မနက် စောစောစီးစီး ကလေးကို သန့်ရှင်းရေးတောင် မလုပ်ရသေးပဲ ချက်တောင် မကြွေသေးတဲ့ သမီလေးတစ်ယောက်ကို ကြည့်မြင့်တိုင်ဘက်က ကားတစ်စီးပေါ်မှာ ပစ်သွားပြန်ပါပီရှင်.. ပတ်ဝန်းကျင်မှ အကူအညီဖြင့် ကျမဆီ ဖုန်းဆက်သွယ်လာပီး သန့်ရှင်းရေး လုပ်ပေးကာ သက်ဆိုင်ရာများသို့ အကြောင်းကြား၍ စုံစမ်းစရာများ ဆက်လက်စစ်ဆေးနေပါတယ်..ကလေးတွေကို ယခုလိုမပစ်ပဲ တနေရာရာမှာ ပို့ဆောင်ပေးတာ အကောင်းဆုံးပါပဲ.. လူတွေမတွေ့ခင် တခုခုဖြစ်သွားပီး အသက်ဆုံးရှုံးတာတွေ ဖြစ်တတ်ပါတယ်.. လူပီသစိတ်လေးမွေးပီး အသိဉာဏ်လေးနဲ့ ကလေးတွေ စွန့်ပစ်ခြင်းကို ရှောင်ကြပါရှင်" လို့ ရေးသားပြောပြထားပါတယ်။

ဒါ့အပြင် မနေ့ကလည်း ချက်ကြိုးတန်းလန်းဖြင့် ဒလအမှိုက်ပုံမှာ စွန့်ပစ်သွားတဲ့ မွေးကာစအရွယ် သားငယ်လေးတစ်ယောက်ကိုလည်း ပတ်ဝန်းကျင်မှ တွေ့ရှိကောက်ရသူများ၏အကြောင်းကြားမှုကြောင့် သွားရောက်ခေါ်ယူ စောင့်ရှောက်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ခိုင်နှင်းဝေကတော့ မေတ္တာအပြည့်ဖြင့် သူမရဲ့ဂေဟာလေးတွင် စွန့်ပစ်ကလေးငယ်များကို ခေါ်ယူစောင့်ရှောက်ပေးနေတာ အယောက် (၄၀) ကျော်ရှိသွားပြီဖြစ်ပါတယ်။

Source-khineHninwai #khinehninwai #celebrity #Popolay


15 Jan 2021     2,457 Views




RELATED

Most Popular of International News

Most Popular of NEWS