BEC-TERO TV

အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့စက်ဘီးစီးနင်းပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်

18 Jan 2021     1,705 Views


အများပြည်သူသုံး လမ်းမကြီးများတွင် စည်းကမ်းမဲ့ စက်ဘီးစီးနင်းပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အမှတ် (၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ သိရသည်။ “စက်ဘီးစီး ပြည်သူတွေအနေနဲ့ ချမှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ စီးနင်းဖို့နဲ့ အနှေးယာဉ်မဝင်ရလမ်းတွေမှာ စီးတာတွေ၊ လမ်းပြောင်းပြန် စီးတာတွေ၊ မီးနီဖြတ် စီးတာတွေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖောက်တာတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အမှတ် (၃၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု တပ်ဖွဲ့စုမှူး ဒုတိယ ရဲမှူး ရဲထွန်းအောင်က ပြောကြားသည်။

ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း စီးနင်းနေသော ဆိုင်ကယ်များ၊ လျှပ်စစ်ဆိုင်ကယ်များနှင့် ဘက်ထရီ စက်ဘီးများအား စီးနင်းခြင်းမပြုရန် အသိပညာပေး ဆောင်ရွက်မှုများကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလဆန်းပိုင်းတွင် ဆောင်ရွက်ခဲ့ပြီး အောက်တိုဘာလ တတိယပတ်မှစ၍ ချလန်ဖြတ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ ယာဉ်ကြောကြပ်တည်းသည့် နေရာဖြစ်သည့် လှည်းတန်းဈေးနှင့် လှည်းတန်းလမ်းဆုံမီးပွိုင့်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ စက်ဘီးစီးနင်းရန်နှင့် စည်းကမ်းချိုးဖောက်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခြင်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စည်းကမ်းပျက်မော်တော်ယာဉ် ၂၆၂၆ စီး၊ ဆိုင်ကယ်နှင့် လျှပ် စစ်ဆိုင်ကယ် ၈၀ စီး အပါအဝင် စုစုပေါင်း ၂၇၀၆ စီးနှင့် ကရိန်းဆွဲအရေးယူမှု ၁၁၃ စီးတို့ကို အရေးယူဆောင် ရွက်နိုင်ခဲ့ကြောင်း သိရသည်။

Source : MDN


18 Jan 2021     1,705 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS