BEC-TERO TV

တောင်ကြီးမြို့ရှိ ရထားသံလမ်းအား ဖြုတ်သိမ်း၍ ချယ်ရီပင်တန်းလမ်း ဖော်ဆောင်မည်

18 Jan 2021     1,968 Views


တောင်ကြီးမြို့ရှိ ရထားသံလမ်းအား ဖြုတ်သိမ်း၍ ချယ်ရီပင်တန်း လမ်းအဖြစ်အ ကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ ရထားသံလမ်းသည် ဘုရားဖြူရပ်ကွက်နှင့် ရေအေးကွင်းရပ်ကွက် နှစ်ခုကြားတွင် တည်ရှိပြီး ရထားပြေးဆွဲမှုမရှိသလို ၎င်းရထားသံလမ်းကြောင့် ဆိုင်ကယ်များ မကြာခဏတိမ်း မှောက်မှုများလည်း ဖြစ်ပွားနေသည်ဟု ဘုရားဖြူရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ရေအေးကွင်းနှင့်ဘုရားဖြူရပ်ကွက်အစပ်ရှိ ရထားသံလမ်း ဘေးဝဲယာတွင် ချယ်ရီပျိုးပင်များ စိုက်ပျိုးသွားမည်ဖြစ်ပြီး စိတ်ပါဝင်စားသည့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးအဖွဲ့များကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။ ၎င်းရထားသံလမ်းသည် ၁၉၉၇ ခုနှစ်ခန့်ကတည်းက ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သစ်တောရပ်ကွက်၊ ရေအေးကွင်းရပ် ကွက်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောင်းကြီးစုရပ်ကွက်နှင့် ကံကြီးရပ်ကွက်များကို ဖြတ်သန်းပြီးရွှေညောင်မြို့အထိ ဆက်သွယ်ထားသည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိ ရထားဖြတ်သန်းသွားလာမှုမရှိသည့် ရထားသံလမ်းအား အများပြည်သူသွားလာမှု အဆင်ပြေစေရန်အတွက် မြို့နယ်စည်ပင်က အချို့နေရာများတွင် ကတ္တရာလမ်းခင်းခြင်းများ ဆောင်ရွက်ပေးထားသည်။

Photo credit


18 Jan 2021     1,968 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS