BEC-TERO TV

တရုတ်နိုင်ငံက ကိုဗစ်-၁၉ လူနာများအားကုသရန် ဆေးရုံသစ်ကြီးကို ငါးရက်အတွင်း ဆောက်လုပ်ပြီးစီး

18 Jan 2021     1,406 Views


တရုတ်နိုင်ငံတွင် ကိုဗစ်- ၁၉ ရောဂါ ထပ်မံဖြစ်ပွားမှုကို တိုက်ဖျက်ရန်အတွက် ကိုဗစ်- ၁၉ လူနာများအား ကုသမည့် အခန်းပေါင်း ၁၅၀၀ ရှိသည့် ဆေးရုံသစ်ကို ဆောက်လုပ်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကို တရုတ်နိုင်ငံအစိုးရက ထိန်းချုပ်ရခက်ခဲသည့် ရောဂါအဖြစ် ဖော်ပြခဲ့သည်။

အဆိုပါဆေးရုံသစ်သည် တရုတ်နိုင်ငံတောင်ပိုင်း ဟီဘေးပြည်နယ် နန်ဂွန်းတွင် ဆောက်လုပ်ထားသည့် ဆေးရုံခြောက်ခုအနက်တစ်ခုဖြစ်ကြောင်း အာဏာပိုင်များက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ စတင်ကူးစက်ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါကို အစိုးရက ကြိုးစားထိန်းချုပ်နိုင်ခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလမှစတင်ကာ ရောဂါကူးစက်မှုများ ထပ်မံတိုးပွားလာခဲ့သည်။

နန်ဂွန်းနှင့် ဟီဘေးပြည်နယ် မြို့တော် ရှီကျားကျွမ်း၌ ကိုဗစ်-၁၉ လူနာ ၆၄၅ ဦးကို ကုသမှုပေးလျက်ရှိသည်။ အခန်းပေါင်း ၃၀၀၀ ပါရှိသည့် ဆေးရုံသစ်ကို ရှီကျားကျွမ်း၌ ဆောက်လုပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ ကိုဗစ်- ၁၉ အစုလိုက်ကူးစက် မှုများသည် ပေကျင်းမြို့တွင် သာမက နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်နှင့် အရှေ့မြောက်ပိုင်းရှိ ဟေလုံကျမ်းနှင့် လျောင်နင်းပြည်နယ်တို့တွင်လည်း တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့သည်။ နောက်ဆုံးဖြစ်ပွားသည့် ရောဂါကူးစက်မှုများမှာ ယခင်နှင့်မတူဘဲ ပိုမိုကူးစက်မှုမြန်ဆန်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ဖော်ပြသည်။

Source : AP MDN


18 Jan 2021     1,406 Views




RELATED

Most Popular of International News

Most Popular of NEWS