BEC-TERO TV

လေယာဉ် တစ်စီးလုံး ငှားလိုက်တယ်ဆိုပြီး အကြွားလွန်ရာမှ အရှက်ကွဲရသောဖြစ်ရက်

18 Jan 2021     1,699 Views


ယုံကြည်ရခက်တဲ့ ယနေ့ဆိုရှယ်ခေတ်ကြီးထဲမှာ ဘယ်ဟာက အဟုတ်အမှန်လည်းဆိုတာ တစ်နေ့တစ်ခြားခွဲခြားရ မလွယ်လှပါဘူး ။ နည်းပညာတွေတိုးမြှင့်လာတာနဲ့အမျှ မဟုတ်ဟုတ်အောင် မရှိရှိအောင် အားလုံးက တမင်ပြုလုပ်ဖန်တီးယူနိုင်တဲ့ ခေတ်ကြီးဖြစ်နေပါပြီ။ ဒါပေမယ့် ဖုံးကွယ်ဖျောက်ဖျက်လို့မရတဲ့အရာကတော့ အမှန်တရားပါပဲ။ လူတချို့က သူတို့ဘဝမှာ ပြီးပြည့်စုံတဲ့အကြောင်းအရာအစိတ်အပိုင်းတချို့ကို သူများအထင်ကြီးအားကျရလောက်အောင် အွန်လိုင်းမှာတင်ပြလေ့ရှိပါတယ်။ အမှန်မှာ အဲ့တိုင်း တကယ်ဟုတ်ချင်မှလည်းဟုတ်မယ်။

အခုလိုအကြောင်းအရာကဲ့သို့ပင် အင်ဒိုနီးရှားက အွန်လိုင်းဆိုရှယ်မီဒီယာတွေမှာ နာမည်ကျော်ကြားသော ချမ်းသာကြွယ်ဝသောမိသားစုအသိုင်းအဝိုင်းထဲက အမွေဆက်ခံသူ “ရိချက် မူလ်ဂျာဒီ” ဆိုသူသည် လေယာဉ်လက်မှတ်တစ်စီးလုံးစာကိုဝယ်ယူပြီး ဘာလီကျွန်းသို့ ချစ်သူနှင့်အတူနှစ်ယောက်တည်း အလည်ခရီးသွားတဲ့အကြောင်းအရာကို ပုံနှင့်တကွ သူ့ရဲ့ကိုယ်ပိုင်အင်စတာဂရမ်မှာ ရေးသားဖော်ပြထားပါတယ်။

“ကျွန်တော်နဲ့ကျွန်တော့်ဇနီး ပင်လယ်ကမ်းခြေအပန်းဖြေခရီးထွက်ဖို့ ဇနီးသည်က ကိုဗစ်ကူးစက်မှာ အလွန်စိုးရိမ်လို့ Batik Air လေကြောင်းလိုင်းရဲ့ မြို့တော်ဂျာကာတာမှ ဘာလီကျွန်းသို့ပျံသန်းသော လေယာဉ်တစ်စီးလုံးရှိ စီးပွားရေးတန်းက ထိုင်ခုံ ၁၂ ခုံနှင့် ရိုးရိုုးတန်းက ၁၅၀ ထိုင်ခုံစာ လက်မှတ်အားလုံးကို ဝယ်ယူပြီး စိတ်ချလက်ချခရီးသွားခဲ့တယ်” လို့ ရေးသားထားတာတွေ့ရပါတယ်။ စုစုပေါင်းကုန်ကျစရတ် ဘယ်လောက်ကျလဲဆိုတာ မဖော်ပြထားပေမယ့် လေယာဉ်တစ်စင်းလုံးငှားရမ်းစျေးထက် စျေးပိုသက်သာတယ်လို့ဆိုပါတယ်။

ဒီအကြောင်းအရာ အွန်လိုင်းမှာပျံ့နှံ့သွားပြီးနောက် ဝင်ရောက်ကြည့်ရှုသူများပြားခဲ့ပြီး သူ့လိုမျိုး လူနေမှုပုံစံကိုအားကျပြီး ဖြစ်ချင်တဲ့မှတ်ချက်တွေများစွာလည်း တွေ့ရပါတယ်။ ထို့နောက် Batik Air ၏မိခင်ကုမ္ပဏီဖြစ်သည့် Lion Air Group အား မီဒီယာများစုံစမ်းမေးမြန်းသောအခါမှာ ၎င်းမှ သူနှင့်ဇနီးသည်နှစ်ဦးအတွက် လက်မှတ် ၂ စောင်သာဝယ်ယူခဲ့တယ်၊ ပြီးတော့ ဒီအချိန်မှာ ခရီးထွက်ဧည့်သည်များမရှိသလောက် အလွန်နည်းပါးနေပြီးတော့၊ ဖြစ်ချင်တော့ အဲ့ဒီနေ့က လေယာဉ်တစ်စီးလုံးမှာလည်း ယင်းခရီးသည်လင်မယားနှစ်ဦးတည်းသာရှိတယ်လို့ အဆိုပါလေကြောင်းလိုင်းရဲ့တာဝန်ရှိသူတစ်ဦးက ဆိုထားပါတယ်။ နောက်ဆုံး အဖြစ်မှန်ပေါ်သွားမှ အရှက်ကွဲတာကလွဲလို့ ဘာတတ်နိုင်သေးလဲ၊ နောက်တစ်ခေါက် လိမ်ညာမယ်ဆိုရင်လည်း ဒီထက်ပိုပီပြင်အောင် လုပ်လိုက်စမ်းပါဦးလို့ စနောက်ပြောဆိုရေးသားထားတာ တွေ့ရပါတယ်။

#popolay #popolaytv #popolaynews


18 Jan 2021     1,699 Views




RELATED

Most Popular of International News

Most Popular of NEWS