BEC-TERO TV

၂ နှစ်အတွင်း လူ ၃ ဦးသေဆုံးမှုဖြစ်ပွားပြီးနောက် နာမည်ကျော်အလှရှုခင်းကြည့်အဆောက်အဦးကြီးတစ်ခု အားခေတ္တပိတ်ထား

19 Jan 2021     1,759 Views


သံမဏိကိုယ်ထည်ဖြင့်ဖွဲ့စည်းတည်ဆောက်ထားပြီး လှေကားအထစ်ပေါင်း ၂,၅၀၀ ပါဝင်သော မီတာအမြင့် ၄၆ မီတာ (သို့) ၆ ထပ်တိုက်အဆောက်အဦးနှင့်ညီမျှသော ဗိသုကာအနုပညာလက်ရာများဖြင့်တည်ဆောက်ထားသော ဧရာမကြီးမားသည့် အလှရှုခင်းများကြည့်ရှုရာနေရာ Vessel အဆောက်အဦးကြီးကို ခေတ္တပိတ်ထားလိုက်တာလည်း ဖြစ်ပါ တယ်။

ဒီဇိုင်းကတော့ အိန္ဒိယက ရှေးဟောင်းလှေကားထစ်ရေတွင်း (Stepwell) ကနေ Inspiration ရရှိတည်ဆောက်ထားတာဖြစ်ပြီးတော့၊ လှေကားထစ်ပေါင်း ၂,၅၀၀၊ ရပ်နားနေရာ ၈၀ နှင့် မသန်စွမ်းသူများအတွက် ဓါတ်လှေကားများလည်း တပ်ဆင်ပေးထားပါတယ်။ မြို့ပြကြီးရဲ့အလှတရားရှုခင်းများကို ထင်သာမြင်သာကောင်းကောင်းကြည့်ရှုခံစားနိုင်တဲ့နေရာမို့လည်း လူများစွာလာရောက်လည်ပတ်လေ့ရှိပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မဲန်ဟတ်တန်ရှိ Hudson Yards Redevelopment Project စီမံကိန်းတွင်တည်ရှိတာဖြစ်ပြီး ၎င်းကို စီမံကိန်း၏မှတ်တိုင်တစ်ခုအဖြစ်အသုံးပြုရန်အတွက် အနာဂတ်ခေတ်ကြီးရဲ့တည်ဆောက်မှုပုံစံအဖြစ် တည်ဆောက်ထားတာဖြစ်ပြီး တည်ဆောက်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံအထိမြင့်မားခဲ့ပါတယ်။ သို့သော် ၎င်းအဆောက်အဦးကြီးဟာ ထင်မှတ်မထားတဲ့ လူများမိမိကိုယ်ကိုအဆုံးစီရင်ရန် ပြစ်မှတ်ထားလာတဲ့ နေရာတစ်ခုဖြစ်လာပါတော့တယ်။ ၂ နှစ်အတွင်းမှာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်မှု ၃ ဦး ရှိသွားပြီလည်း ဖြစ်ပါတယ် ။

အဆောက်အဦးမှ ခုန်ချသေဆုံးသွားခဲ့တဲ့ ပထမဆုံးတစ်ဦးကတော့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင် နယူးဂျာစီပြည်နယ်က အသက် ၁၉ နှစ်အရွယ်ကောင်လေးတစ်ဦးဖြစ်ပြီး အဲ့ဒီချိန်တုန်းက အဆောက်အဦးတရားဝင်ဖွင့်လှစ်ခြင်းတောင် မရှိသေးပါဘူး ။ ဒုတိယတစ်ဦးကတော့ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် အသက် ၂၃ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး၊ နောက်ထပ် အသက် ၂၁ နှစ်အရွယ်အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

Hudson Yards Redevelopment ရဲ့ဘုတ်အဖွဲ့ဝင်ဥက္ကဌ၏ပြောကြားချက်အရ ၎င်းအဆောက်အဦးကြီးတည်ဆောက်ရာတွင် ဘေးကင်းလုံခြုံမှုထက် အလှအပကိုသာ အဓိကပိုပြီး ဒီဇိုင်းဖော်ဆောက်လုပ်ထားတာဖြစ်ပြီးတော့ ရင်ဘတ်အမြင့်ထိသာအကာလေးရှိနေတာလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

အဆောက်အဦးတာဝန်ရှိအဖွဲ့သားများမှ ယင်းဖြစ်ရပ်များအပေါ် ထပ်တူဝမ်းနည်းကြောင်းထုတ်ဖော်ပြောကြားထားပြီး၊ နောင်အနာဂတ်တွင်ဖြစ်ပွားနိုင်သော မတော်တဆမှုများနှင့်သေဆုံးမှုများကိုကာကွယ်ရန်အတွက် ပိုမိုမြင့်မားသောအကာများထပ်မံတိုးချဲ့တပ်ဆင်ရန် ပြန်လည်ပြုပြင်သွားဖို့ အဆိုပါအဆောက်အဦးကြီးအား ခေတ္တပိတ်ပင်ထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာထားပါတယ်။

#popolay #popolaytv #popolaynews


19 Jan 2021     1,759 Views




RELATED

Most Popular of International News

Most Popular of NEWS