BEC-TERO TV

တောင်ကြီးတွင် အသက်(၈၅)နှစ် နှင့် အထက် ဘိုးဘွား (၁၁၀၃)ဦးကို လူမှုရေးပင်စင် ထောက်ပံ့

25 Jan 2021     1,422 Views


လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်း ဦးစီးဌာနသည် ဇန်နဝါရီလ (၁၉)ရက်မှ စတင်ပြီး ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ၊ တောင်ကြီးမြို့နယ်ရှိ အသက် (၈၅)နှစ်နှင့် အထက် ဘိုးဘွား (၁၁၀၃) ဦးအတွက် ထောက်ပံ့ပေးလျက်ရှိသည်။ ရှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် (၈၅)နှစ် နှင့် အထက် ဘိုးဘွားများအတွက် ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ်(၃၀၀၀၀)နှုန်းဖြင့် ရပ်ကွက်ရုံးများနှင့် နေအိမ်များသို့ ပေးအပ်ကြသည်။

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ ၃ လပတ် လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ်အရ အသက် (၈၅)နှစ် နှင့်အထက် ဘိုးဘွားများ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်တွင် (၃၉၀၉) ဦး၊ လွိုင်လင်ခရိုင်တွင် (၁၀၇၀) ဦး ၊ လင်းခေးခရိုင်တွင် (၃၇၁)ဦး ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံ ခရိုင်တွင်(၁၀၃၁)ဦး ၊ တာချီလိတ် ခရိုင်တွင်(၅၈၈)ဦး ၊ မိုင်းဆတ်ခရိုင်တွင် (၁၅၀)ဦး ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်တွင် (၂၁၆၃) ဦး ၊ ဟိုပန်ခရိုင်တွင် (၆၆)ဦး ၊ မက်မန်းခရိုင်တွင် (၇၇) ဦး ၊ မိုးမိတ်ခရိုင်တွင် (၃၁၁)ဦး ၊ လောက်ကိုင်ခရိုင်တွင် (၃၅၂) ဦး ၊ မူဆယ်ခရိုင်တွင် (၁၁၆၂) ဦး ၊ ကျောက်မဲခရိုင်တွင် (၁၇၄၅) ဦး ၊ စုစုပေါင်း (၁၂၉၉၅) ဦး ကို တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀)နှုန်း ထောက်ပံ့မည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ သိရှိရသည်။

Photo credit


25 Jan 2021     1,422 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS