ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား (Jetty ) တည်ဆောက်ရေး လုပ်ငန်း အရှည် ၃၅၀ ပေတိုးချဲ့ မည်
25 Jan 2021 2,125 Views

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အများပြည်သူ အပန်းဖြေနိုင်ရန် နှင့် ကျန်းမာရေး လေ့ကျင့်ခန်းများ ဆောင်ရွက်နိုင်ရန် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား (Jetty)တည်ဆောက်ရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အရှည် ၃၅၀ ပေတိုးချဲ့ မည်ဖြစ်ကြောင်း သိရပါသည်။
အဆိုပါ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား (Jetty) တည်ဆောက်ရာတွင် ပြည်သူများ အပန်းဖြေနိုင်မည့် နေရာများ၊ ကျန်းမာရေးလေ့ကျင့်ခန်း ဆောင်ရွက်နိုင်မည့် နေရာများ၊ ကားရပ်နားရန် နေရာများ ပါဝင်မည်ဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉- ၂၀၂၀ ခွင့်ပြုရန်ပုံငွေ ၉၇၁ ဒသမ ၇၁၃ သန်းဖြင့် ပုသိမ်မြို့ ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား (Jetty) တည်ဆောက်ခြင်းလုပ်ငန်းကို အရှည် ၃၉၀ ပေ နှင့် အကျယ် ၂၉ ပေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ (၂၂၆) သန်းဖြင့် အရှည် ပေ ၉၀ အပါအဝင် စုစုပေါင်း အရှည် ၄၈၀ ပေ ဆောင်ရွက် ပြီးစီးပြီ ဖြစ်ပါသည်။ ယခု ဘဏ္ဍာရေးနှစ်တွင်မူ ပုသိမ်ကမ်းနားလမ်းတိုးချဲ့ခြင်း လုပ်ငန်းကို တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် သန်း (၈၈၀) ဖြင့် အရှည်ပေ ၃၅၀ ၊ အကျယ် ၂၉ ပေ ဆောင်ရွက်မည် ဖြစ်သည်။
Photo credit