BEC-TERO TV

အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၆ သန်းနီးပါး ရှိသွားပြီဖြစ်

25 Jan 2021     1,676 Views


အိန္ဒိယနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ပြီးခဲ့သည့် သီတင်းပတ်က စတင်ခဲ့ပြီး စတင်ထိုးနှံပေးသည့်နေ့မှ ရှစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၁ ဒသမ ၆ သန်းနီးပါးရှိသွားပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက ယမန်‌နေ့က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ဇန်နဝါရီ ၁၆ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်တာကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူခဲ့သူ ၁၉၂၆၀၉ ဦး ရှိခဲ့ခြင်းကြောင့် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၅၈၂၂၀၁ ဦးရှိလာခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၌ ကနဦးအစီအစဉ်အရ ကျန်းမာရေး ဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း သန်း ၃၀ ခန့်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးမည် ဖြစ်ပြီး ယင်းနောက်တွင် ရောဂါအခံရှိသည့် အသက် ၅၀ အထက်ရှိသူများနှင့် အသက် ၅၀ အောက်ရှိသူ စုစုပေါင်း သန်း ၂၇၀ ခန့်ကို ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနှင့် ပြည်နယ်ဝန်ကြီးချုပ် များသည် မတ်လ သို့မဟုတ် ဧပြီလတွင် စတင်ထိုးနှံ မည့် ကာကွယ်ဆေးထိုးနှံမှု ဒုတိယကာလတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူမည် ဖြစ်ကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်

The Mirror


25 Jan 2021     1,676 Views




RELATED

Most Popular of International News

Most Popular of NEWS