BEC-TERO TV

နယ်သာလန်တွင် လော့ဒေါင်းချမှုကို ဆန္ဒပြ- အနည်းဆုံး ၃၀ ကျော်အဖမ်းခံရ

25 Jan 2021     3,119 Views


ကိုဗစ်ကာကွယ်ရေးအတွက် လော့ဒေါင်းချထားတာကို မကျေနပ်တဲ့ ဆန္ဒပြမှုတခု နယ်သာလန်နိုင်ငံတောင်ပိုင်း Eindhoven မြို့မှာ ယမန်နေ့(တနင်္ဂနွေ)က ဖြစ်ပွားခဲ့ပါတယ်။ ရာနဲ့ချီရှိတဲ့ ဆန္ဒပြသူတွေဟာ ကားတွေကို မီရှို့တာ၊ ဆိုင်တွေကိုဖျက်ဆီးတာ၊ ရဲတွေကို ခဲတွေနဲ့ပစ်ပေါက်တာတွေ လုပ်ခဲ့ပါတယ်။

ရဲတွေဖက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။ အပြန်အလှန် တုန့်ပြန်မှု အတော်ကြမ်းတာ တွေ့ရပြီး အနည်းဆုံး ဆန္ဒပြသူ ၃၀ ကို ဖမ်းဆီးခဲ့တယ်လို့ ရဲကပြောပါတယ်။ အခု ဆန္ဒပြသူတွေထဲမှာ ရွှေ့ပြောင်းဝင်လာသူများ ဆန့်ကျင်ရေးအဖွဲ့ PEGIDA က လူတွေလည်း ပါဝင်တယ်လို့ဆိုပါတယ်။

ဒီဆန္ဒပြပွဲကြောင့် လမ်းတွေပိတ်သွားပြီး ရထား အဝင် အထွက်တွေလည်း ခေတ္တရပ်နားလိုက်ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖေါ်ပြပါတယ်။ အခု ဆန္ဒပြမှုဟာ တံငါရွာ Urk မှာ ကိုဗစ်စမ်းသပ်ရေးစင်တာကို လော့ဒေါင်းဆန့်ကျင်သူတွေက မီးရှို့ ဖျက်ဆီးပြီး နောက်တရက်မှာ ဆက်တိုက်ဖြစ်ပေါ်လာတာပါ။ လော့ဒေါင်းကို ဒီဇင်ဘာလ လယ်ကနေ ဖေဖေါ်ဝါရီ ၉ ရက်နေ့အထိ ချထားတာဖြစ်ပါတယ်။

Source: AP


25 Jan 2021     3,119 Views




RELATED

Most Popular of International News

Most Popular of NEWS