BEC-TERO TV

ကန့်ဘလူမြို့နယ်တွင် အတည်ပြုလူနာ ၃၀ ကျော် စံချိန်တင် တွေ့ရှိ

25 Jan 2021     1,690 Views


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ ဇန်နဝါရီ ၂၄ ရက်က ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၀ ကျော် တွေ့ရှိခဲ့ပါတယ်။ အတည်ပြုလူနာ ၃၇ ဦး အထိ တွေ့ရှိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာရပ်ကွက်၊ကျေးရွာတွေက အသွားအလာ ကန့်သတ်စခန်းတွေမှာ နေထိုင်နေသူတွေနဲ့ နေအိမ်တွေမှာ အသွားအလာ ကန့်သတ်ထားတွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ အတည်ပြုလူနာတွေကတော့ ချမ်းအေးသာယာရပ်ကွက်က ၁၆ ဦး၊ ရန်နိုင်အေး ရပ်ကွက်က ၅ ဦး၊ လက်ဆည်ရပ်ကွက်က ၁၂ ဦး၊ သပြေသာ ရွာက ၁ ဦး၊ကျောင်းကုန်း ကျေးရွာမှ ၁ ဦးနဲ့ ငါးမြောင်ကျေးရွာက သံဃာတော် ၂ ပါးတို့ ဖြစ်တယ်လို့ ကန့်ဘလူ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီလူနာတွေထဲက သံဃာတော် ၂ ပါးကို ကန့်ဘလူမြို့ တိုင်းရင်းဆေးရုံမှာ ကုသပေး မှာ ဖြစ်ပြီး ကျန်လူနာ (၃၅)ဦးကိုတော့ နဂါးပေါ်ရပ်ကွက်က ပိုးတွေ့ လူနာများထားရှိရာ ယာယီဆေးရုံမှာ ထားရှိကုသပေးသွားမယ်လို့ ထုတ်ပြ န်ချက်မှာ် ဖေါပြထားပါတယ်။ လက်ရှိ ကန့်ဘလူမြို့နယ်မှာ ကိုဗစ်-19 အတည်ပြုလူနာ ၁၄၅ ဦးရှိပြီး ဆေးရုံ ဆင်းခွင့်ရသူ ၇၄ ဦး နဲ့ သေဆုံးသူ ၁ ဦး ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ကန့်ဘလူ( ပြန်/ဆက်)


25 Jan 2021     1,690 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS