BEC-TERO TV

ကိုဗစ်ကူးစက်မှု ကျဆင်းလာသည့်အတွက် မန္တလေးခရိုင်အတွင်းရှိ ကုသရေးစင်တာ ငါးခုကို ပြန်ပိတ်မည်

26 Jan 2021     3,678 Views


မန္တလေးခရိုင်အတွင်း၌ ကိုဗစ်ရောဂါကူးစက်မှု ကျဆင်းလာသည့်အတွက် ရောဂါကုသရေးစင်တာ ငါးခုကို ပြန်ပိတ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။ ပြန်ပိတ်မည့် ကုသရေးစင်တာများမှာ ခုတင်(၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ နှင့် ပုသိမ်ကြီးဆေးရုံ ၊ MSG ကုသရေးစင်တာ၊ သူနာပြုတက္ကသိုလ်တွင် ဖွင့်လှစ်ထားသည့် ကွာရန်တင်းစင်တာ၊ ခုတင်(၅၀) ဆံ့ ဇီးပင်ကြီး ဆေးရုံတို့ဖြစ်သည်။

"မန္တလေးမှာရှိတဲ့ ခုနှစ်မြို့နယ်လုံးဟာ ကိုဗစ်လုံးဝကို ကျဆင်းလာပါပြီ။ ထပ်ပြီးပိတ်ဖို့လည်း လုပ်နေပါပြီ” ဟု မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောသည်။ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသောကြောင့် မန္တလေးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်အောက်ရှိ ကွာရန်တင်းစင်တာ (၁၄) ခုမှ (၅) ခုခန့်ကိုလည်း ပြန်လည်ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

လက်ရှိ မန္တလေးတွင် ပိုးတွေ့လူနာများကို ဇီဝိတဒါနသာသနာ့ အထူးကု ဆေးရုံကြီးနှင့် ကန်တော်နဒီဆေးရုံ၊ ခုတင် (၃၀၀)ဆံ့ သင်ကြားရေး ဆေးရုံ၊ ခုတင် (၁၀၀) ဆံ့သင်ကြားရေး တိုင်းရင်းဆေးရုံ နှင့် ဧရာဝတီဖောင်ဒေးရှင်း ကိုဗစ်စင်တာတို့တွင် ကုသပေးလျက်ရှိသည်။

MDN


26 Jan 2021     3,678 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS