BEC-TERO TV

ကော်ဖီခွက်မှာ လူမျိုးရေးခွဲခြားဆက်ဆံမှုပုံရေးဆွဲသော Starbucks ဝန်ထမ်း အရေးယူခြင်းခံရ

26 Jan 2021     1,752 Views


အိုင်ယာလန်ရှိ Starbucks ဝန်ထမ်းတစ်ဦးဟာ ကော်ဖီခွက်၌ ရုပ်ပုံဖြင့် ရေးဆွဲလှောင်ပြောင်စော်ကားခြင်းခံရသော ထိုင်းအမျိုးသမီးတစ်ဦးအား နစ်နာကြေးပေးရန် အိုင်ယာလန်နိုင်ငံ (WRC) က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အိုင်ယာလန်သို့ ငယ်စဉ်ကတည်းက ပြောင်းရွှေ့နေထိုင်သော “စုချာဝဒီ ဖိုလီ” ဆိုသူ ထိုင်းအမျိုးသမီးတစ်ဦးဟာ ဒဗ္ဗလင်ရှိ Starbucks ကော်ဖီဆိုင်တစ်ဆိုင်တွင် ကော်ဖီလာဝယ်ရင်းနဲ့ ပုံမှန်အားဖြင့် ဆိုင်က ဝန်ဆောင်မှုပိုမိုလျင်မြန်ရန်အတွက် ဆိုင်ဝန်ထမ်းများက ဖောက်သည်ရဲ့အမည် (သို့) နာမည်အတိုကောက်လေးတွေနဲ့ မှတ်သားထားလေ့ရှိပါတယ်။

ဒါပေမယ့် ဆိုင်အမျိုးသမီးဝန်ထမ်းတစ်ဦးက သူမရဲ့နာမည်အတိုကောက်ရေးရမယ့်အစား မရေးခဲ့ဘဲ အာရှတိုက်သားတွေရဲ့သင်္ကေတတစ်ခုလိုဖော်ညွှန်းတဲ့ ပြုံးရွှင်ရွှင်မျက်စိမေးမေးရုပ်ပုံလေးတစ်ပုံကိုု ရေးဆွဲပေးလိုက်ပါတယ်။ အဆိုပါ ကော်ဖီခွက်၌ရေးဆွဲဖော်ပြထားသောရုပ်ပုံဟာ လူမျိုးရေးခွဲခြားဆက်ဆံမှုကို ရှင်းလင်းထင်ရှားစွာဖော်ပြနေသည်ဟု အိုင်ယာလန်အလုပ်အကိုင်ကာကွယ်ရေးဘုတ်အဖွဲ့မှ ဖွင့်ဆိုထားပါတယ်။

ဒါဟာ သူမအတွက် အလွန်စိတ်ထိခိုက်ဖြစ်စေပြီး အလွန်စော်ကားရာရောက်သည်ဟုလည်း ဆိုထားပါတယ်။ ဒီဖြစ်ရပ်နှင့်ပတ်သက်ပြီး ကုမ္ပဏီက အဆိုပါဝန်ထမ်းတစ်ဦးဟာ ဘရာဇီးကလာတာဖြစ်ပြီးတော့ ထိုဖောက်သည်အမျိုးသမီးရဲ့ဂုဏ်သိက္ခာကိုစော်ကားရန် ရည်ရွယ်ပြုလုပ်ခြင်းမဟုတ်ကြောင်း ပြန်လည်ရှင်းလင်းထားပါတယ်။ ထိုအမျိုးသမီးဝန်ထမ်းသည်လည်း မသိဘဲပြုလုပ်ခဲ့ရာများအတွက် ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဖောက်သည်မျက်နှာကို ထိုကဲ့သို့ရုပ်ပုံရေးဆွဲခဲ့ရခြင်းအကြောင်းရင်းကလည်း ထိုအမျိုးသမီးတွင် သူ့အမြင်မှာ ချစ်စရာကောင်းလို့ပါလို့ ဆိုထားပါတယ်။

ထိုအမျိုးသမီးဝန်ထမ်းသည် Starbucks ဆိုင်ခွဲမှာ အလုပ်လုပ်တာ ၁ လခန့်သာပဲရှိပြီးတော့ ကော်ဖီခွက်၌ ဖောက်သည်များ၏အမည်များမှတ်ရမည့်အစားကို ပုံများဖြင့်မကြာခဏရေးဆွဲတတ်လေ့ရှိကြောင်း တွေ့ရပါ သေးတယ်။ ထိုဖြစ်ရပ်တွင် တမင်ရည်ရွယ်ပြုလုပ်ခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ Starbucks မှ ထိုအမျိုးသမီးအား ယူရို ၁၂,၀၀၀ တိတိ နစ်နာကြေးပေးဆောင်လိုက်ရပါတယ်။

#popolay #popolaytv #popolaynews


26 Jan 2021     1,752 Views




RELATED

Most Popular of International News

Most Popular of NEWS