BEC-TERO TV

ကိုဗစ်ကာကွယ်ဆေးကို မဖြစ်မနေထိုးနှံရမည်မဟုတ်ဘဲ မိမိဆန္ဒအရ လာရောက်ထိုးနှံရမည်ဟု တာဝန်ရှိသူပြော

26 Jan 2021     1,735 Views


ကိုဗစ်-၁၉ ကာကွယ် ဆေးကို မဖြစ်မနေထိုးရန် သတ် မှတ်မည်မဟုတ်ဘဲ မိမိစိတ်ဆန္ဒ အရ လာရောက်ထိုးနှံရမည်ဖြစ် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။ ‘‘ကာကွယ်ဆေးသည် မဖြစ် မနေ ထိုးကိုထိုးရမယ် မဟုတ်ပါ ဘူး။

မိမိထိုးချင်စိတ်ရှိမှ ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုး စုရပ်ကို လာပြီဆိုရင် ကာကွယ် ဆေးထိုးဖို့အတွက် သဘောတူညီ တယ်လို့ယူဆတဲ့အတွက်ကြောင့် Contract Form တွေ၊ ဘာတွေ မှာ လက်မှတ်မထိုးခိုင်းတော့ပါ ဘူး။ ဒါဘာဖြစ်လို့လဲဆိုတော့ အလုပ်ပိုတွေ လျှော့ချချင်တယ်။

နောက် ကာကွယ်ဆေးထိုးလုပ် ငန်းရဲ့ လူအင်အားအသုံးပြုတာပါ လျော့သွားဖို့ ဆောင်ရွက်တာဖြစ် ပါတယ်’’ ဟု ဒေါက်တာခင်ခင် ကြီးက ရှင်းပြသည်။ ထို့အပြင် ကိုဗစ်ကာကွယ် ဆေးထိုးနှံရာတွင် သိသင့်သိထိုက် သည့် အချက်အလက်များကို ဝန်ကြီးဌာန၏ လူမှုကွန်ရက်စာ မျက်နှာ၌ အသိပေးထားပြီး လေ့ လာဖတ်ရှုရန် ဒေါက်တာခင်ခင် ကြီးက တိုက်တွန်းသည်။

ကိုဗစ်-၁၉ ရောဂါ အတည် ပြုခံထားရသူ လူနာများ၊ သံသယ လူနာများနှင့် ရောဂါလက္ခဏာ ပျောက်ကင်း သက်သာသွားပြီး ၁၄ ရက် မကျော်သေးသူများ၊ ကိုဗစ်သံသယလက္ခဏာ (ဖျား ခြင်း၊ ချောင်းဆိုးခြင်း၊ ရုတ်တ ရက် အနံ့၊ အရသာပျောက်ခြင်းနှင့် အသက်ရှူရခက်ခြင်း စသည်တို့ ရှိသူများ အပါအဝင် နို့တိုက်မိခင်၊ ကိုယ်ဝန်ဆောင်များမှာ ကိုဗစ် ရောဂါကာကွယ်ဆေး မထိုးနှံသင့် ကြောင်း ဝန်ကြီးဌာနက အသိပေး သည်။

အလားတူ အသက် (၁၈) နှစ်အောက် လူအုပ်စုများ၊ ကိုယ် ခန္ဓာအစားထိုးခွဲစိတ်ကုသမှုခံယူ ထားသူများ၊ ခုခံအားကျဆင်းရော ဂါရှိသူများနှင့် ခုခံအားကျဆင်း စေသည့် ဆေးဝါးတစ်မျိုးမျိုးသုံး စွဲနေသူများမှာ ကိုဗစ်ကာကွယ် ဆေးထိုးနှံရန် သင့်၊ မသင့် သက် ဆိုင်ရာဆရာဝန်ကြီးများနှင့် ကြို တင်တိုင်ပင်ရမည်ဖြစ်သည်။

ကနဦး မြန်မာနိုင်ငံမှ အသုံး ပြုမည့် ကိုဗစ်ကာကွယ်ဆေး COVISHIEID ထိုးနှံပြီးနောက် ဖြစ်ပေါ်တတ်သည့် သာမန်လက္ခ ဏာများမှာ ဆေးထိုးသည့်နေရာ၌ အကျိတ်ငယ်ဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ရာသီတုပ်ကွေးရောဂါ ကဲ့သို့ သာမန်လက္ခဏာများပြ တတ်သည်ဟု ဆိုသည်။ ထိုကာကွယ်ဆေး ထိုးပြီး နောက် လူ ၁၀၀ လျှင် တစ်ဦးခန့် မှာ မူးဝေခြင်း၊ ယားယံခြင်း၊ ချွေး ထွက်လွန်ခြင်း၊ အစာစားချင်စိတ် လျော့နည်းခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ပြန်ရည်ကျိတ်များကြီးခြင်း စသည့် သာမန်လက္ခဏာများဖြစ် နိုင်သည်ဟု ဝန်ကြီးဌာန၏ ထုတ် ပြန်ချက်တွင် ဖော်ပြသည်။


26 Jan 2021     1,735 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS