BEC-TERO TV

Nuchal Ache / Neck Pain (ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်း )

26 Jan 2021     1,947 Views


-  ဇက်ကြောနာခြင်းသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည်။ လည်ပင်းအနေအထား မမှန်ခြင်းကြောင့် ကြွက်သားများ နာကျင်ခြင်းမှ ဖြစ်လေ့ရှိသည်။
 
   Osteoarthritis ဟုခေါ်သည့် အရိုးအဆစ်များ တိုက်စားပြီး ရောင်ရမ်းခြင်းသည်လည်း  ဇက်ကြောနာခြင်းတွင် အတွေ့ရများသော အကြောင်းရင်းတစ်ခုဖြစ်သည်။
 
- တစ်ခါတစ်ရံ  ဇက်ကြောနာခြင်းသည် ပိုမိုပြင်းထန်သောရောဂါများ၏ လက္ခဏာလည်းဖြစ်နိုင်သည်။ 
 
  ဇက်ကြောနာခြင်းအပြင် ထုံကျင်ခြင်း၊ ခြေလက်များလေးခြင်း၊ ပုခုံးနှင့်လက်မောင်းများထိ နာကျင်လာလျှင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
 

လက္ခဏာများ

 
- လည်ပင်းအနေအထားကို တစ်နေရာတည်းကြာကြာထားလျှင် နာလာခြင်း( ဥပမာ - ကားအကြာကြီးမောင်းခြင်း၊ ကွန်ပျူတာရှေ့တွင် ကြာရှည်စွာ ထိုင်ခြင်း )
 
- ကြွက်သားတောင့်တင်းခြင်း ၊ အကြောတက်ခြင်း
 
- ခေါင်းကို လှုပ်ရှားနိုင်စွမ်း နည်းလာခြင်း
 
- ခေါင်းကိုက်ခြင်း
 

ဖြစ်ပွားရသော အကြောင်းရင်းများ

 
- ကြွက်သားများကို ကြာရှည်စွာ  အသုံးပြုခြင်း (ဥပမာ- ကားအကြာကြီးမောင်းခြင်း၊ ကွန်ပျုတာရှေ့တွင် ကြာရှည်စွာထိုင်ခြင်း၊ အိပ်ရာထဲတွင် စာဖတ်ခြင်း၊ သွားကျိတ်ခြင်း )
 
- Worn joints အဆစ်နာခြင်း (လည်ပင်းဆစ်သည် ခန္ဓာကိုယ်မှ အခြားအဆစ်များကဲ့သို့ အသက်ကြီးလာသည်နှင့်အမျှ ပွန်းပဲ့လာသည်
 
  Osteoarthritis ဟုခေါ်သည့် အရိုးအဆစ်များ ရောင်ရမ်းခြင်းသည် ကျောရိုးဆစ် (vertebra) တစ်ခုနှင့်တစ်ခုကြားရှိ အရိုးနု(cartilage)ကို ပျက်စီးစေသည်။ ထို့နောက် အတက်များထွက်ကာ အဆစ်လှုပ်ရှားရာတွင် နာကျင်စေသည်။
 
- အာရုံကြောပိခြင်း (လည်ပင်းမှကျောရိုးဆစ် ကျွံခြင်း၊ အရိုးအတက်ထွက်ခြင်းတို့သည် အာရုံကြောမကြီးမှထွက်သော အာရုံကြောများကို ဖိမိခြင်း)
 
- ထိခိုက်မိခြင်း ( ဥပမာ - ကားမတော်တဆဖြစ်ခြင်းတွင် ဦးခေါင်းသည် နောက်မှရှေ့သို့လှုပ်ရမ်းရာမှ လည်ပင်းကို နာကျင်စေခြင်း)
 
- အချို့ရောဂါများ ( ဥပမာ - သွေးလေးဖက်နာ၊ ဦးနှောက်အမြှေးရောင်ခြင်း၊ ကင်ဆာ စသဖြင့်ရောဂါများ)
 

ဖြစ်နိုင်ချေ များသူများ

 
- အသက်ကြီးသူများ
 
- ခရီးသွားခြင်း သို့ ကွန်ပျုတာရှေ့တွင် အလုပ်လုပ်ခြင်းကဲ့သို့ ကြာရှည်စွာ ထိုင်ရခြင်းများ
 
- ခန္ဓာကိုယ်အနေအထား မမှန်ကန်သူများ
 
- ဆေးလိပ်သောက်သူများ
 

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ

 
-  ဇက်ကြောနာခြင်း အများစုမှာ အိမ်တွင်းကုသမှုများဖြင့် သက်သာလေ့ရှိသည်။ မသက်သာပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
 
-  ဇက်ကြောနာခြင်းမှာ အောက်ပါအတိုင်း ဖြစ်လာလျှင်လည်း ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်သင့်သည်။
 
   - အရမ်းနာကျင်လာလျှင်
 
   - ရက်အတန်ကြာသည်အထိ မသက်သာဘဲ ပိုမိုဆိုးလာလျှင်
 
   - လက်မောင်းနှင့် ခြေထောက်အထိ နာကျင်လာလျှင်
 
   - နာခြင်းအပြင် ခေါင်းကိုက်ခြင်း၊ ထုံကျင်ခြင်း၊ ကြွက်သားများ အားနည်းခြင်း စသည်တို့ပါဖြစ်လာလျှင်
 
   - ထိခိုက်မိရာမှ ဖြစ်ပေါ်လာသော ဇက်ကြောနာခြင်းဖြစ်ပါက (ဥပမာ- ကားမတော်တဆမှုမှ ၊ရေကူးရာမှ ၊ပြုတ်ကျရာမှ) ဆရာဝန်နှင့် အရေးပေါ်ကုသသင့်သည်။
 

စစ်ဆေးမှုများ

 
- ဆရာဝန်သည် ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်း အကြာင်းရင်း ပိုမိုတိကျစွာ သိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို လုပ်ရန် ညွှန်ကြားနိုင်ပါသည်။
 
(၁) X ray ဓာတ်မှန် - လည်ပင်းမှကျောရိုးဆစ် ကျွံခြင်း၊ အရိုးအတက်ထွက်ခြင်းတို့ကြောင့် အာရုံကြောမကြီးမှထွက်သော အာရုံကြောများကို ဖိမိခြင်းတို့ကို သိနိုင်သည်။
 
(၂) CT scan ကွန်ပျူတာဓာတ်မှန် -  X ray ဓာတ်မှန်ထက်ပို၍ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းများကို ဘက်ပေါင်းစုံမှ ပိုမိုတိကျစွာ သိနိုင်သည်။
 
(၃) MRI သံလိုက်ဓာတ်မှန် - ရေဒီယိုလှိုင်းနှင့် သံလိုက်ကွင်းများကို အသုံးပြု၍ အရိုးနှင့်ကြွက်သားများ၊ အာရုံကြောများကိုပါ တိကျစွာ သိနိုင်သည်။
 
ရောဂါလက္ခဏာ မပြဘဲနှင့်လည်း X ray သို့မဟုတ် MRI တို့မှ ရောဂါဖြစ်ပွားနေမှုကို သိရှိနိုင်သည်။
 
စက်ပစ္စည်းများဖြင့် စစ်ဆေးမှုသည် ဆရာဝန်နှင့် ရောဂါရာဇဝင်ကို တိုင်ပင်ခြင်း၊ ရောဂါကို စမ်းသပ်ခြင်းများကို များစွာအထောက်အကူပြုသည်။
 
- အခြားစစ်ဆေးမှုများမှာ
 
   - Electromyography (EMG) လျှပ်စစ်လှိုင်းဖြင့် စစ်ဆေးခြင်း - အာရုံကြော ဖိမိသည်ဟု ထင်ပါလျှင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့် စစ်ဆေးနိုင်သည်။
 
     ကြွက်သားထဲသို့ အရေပြားမှတဆင့် အပ်ဖြင့်ထိုးကာ စစ်ဆေးခြင်းဖြစ်သည်။ အာရုံကြောတွင် လျှပ်စီးနှုန်းအမြန်နှုန်းကို တိုင်းတာခြင်းဖြင့် မည်သည့်အာရုံကြော ထိခိုက်နေသည်ကို သိရှိနိုင်သည်။
 
   - Blood tests သွေးစစ်ခြင်း - ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းကို ဖြစ်စေသော ရောင်ရမ်းခြင်းရောဂါများ၊ ကူးစက်ရောဂါများကို သွေးစစ်ခြင်းမှသိနိုင်သည်။
 

ကုသခြင်း

 
- မပြင်းထန်သော ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းများမှာ ၂ပါတ်မှ ၃ပါတ်အတွင်း အိမ်တွင်းကုသနည်းများဖြင့်ပင် ပျောက်ကင်းလေ့ရှိသည်။
 
   အကယ်၍ ဇက်ကြောတောင့်ခြင်း / လည်ပင်းနာခြင်းသည် ကြာရှည်နေပါက ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ကုသမှု ခံယူနိုင်သည်။
 
- ကုသနည်းများမှာ
 
     - Physical therapy ကုထုံးများဖြင့် ကုသခြင်း - ခန္ဓာကိုယ်အနေအထား၊ တည့်မတ်မှု၊ လည်ပင်းကြံ့ခိုင်ခြင်းများကို မှန်ကန်စေသည်။
 
       အပူ၊ အအေး၊ လျှပ်စစ်နှင့်အခြားနည်းများဖြင့် နာကျင်မှုကို သက်သာစေသည်။ နောက်တစ်ခေါက် ပြန်မဖြစ်ရန် ကာကွယ်ပေးသည်။
 
     - Transcutaneous electrical nerve stimulation (TENS) - နာကျင်သောနေရာတစ်ဝိုက်ရှိ အရေပြားပေါ်တွင် လျှပ်စစ်ဖု electrodesများအား ထားခြင်းဖြင့် လျှပ်စစ်ဓာတ်များကို ပို့လွှတ်ခြင်းဖြင့် နာကျင်ခြင်းကို သက်သာစေသည်။
 
     - Traction အလေးဆွဲခြင်း - အလေး၊ဘီး တို့ကို အသုံးပြု၍ လည်ပင်းကို တဖြည်းဖြည်းဆွဲခြင်းဖြင့် တချို့အကြောင်းများကြောင့်ဖြစ်သော ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းများကို သက်သာစေသည်။
 
        အထူးသဖြင့် Nerve irritation အာရုံကြော မူမမှန်လှုံ့ဆွခြင်းကြောင့်ဖြစ်သော ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်းများကို ဆရာဝန်၏ညွှန်ကြားချက်ဖြင့် ပြုလုပ်နိုင်သည်။
 
     - Short-term immobilization လည်ပင်းကို ယာယီမလှုပ်ဘဲထားခြင်း - လည်ပင်းပတ်လည်တွင် soft collor ကော်လံကို တပ်ဆင်ခြင်းဖြင့် လည်ပင်းရှိအစိတ်အပိုင်းများဖိနေခြင်းမှ ကာကွယ်ပေးကာ နာကျင်မှုကိုပါ ကာကွယ်ပေးသည်။သို့သော် ၁ပတ်၂ပတ်ထပ် ပို၍ (သို့ )တစ်ကြိမ်လျှင် ၃နာရီထပ်ပို၍သုံးလျှင် ကောင်းခြင်းထက် ဆိုးခြင်းကို ပိုမိုဖြစ်စေနိုင်သည်။
 
- ခွဲစိတ်ကုသခြင်းနှင့် အခြားနည်းလမ်းများမှာ
 
     - Steroid injections ဆေးထိုးခြင်း - ဆရာဝန်နှင့် ကုသ၍ လည်ပင်းဆစ်ရိုးထဲသိုု့( သို့ )လည်ပင်းကြွက်သားထဲသို့ ဆေးထိုးခြင်းဖြင့်နာကျင်မှုကိုလျော့ကျစေနိုင်သည်။ ထုံဆေးကို အသုံးပြု၍လည်း ကုသလေ့ရှိသည်။
 
     - Surgery ခွဲစိတ်ကုသခြင်း - ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်းများအတွက် လိုအပ်လေ့မရှိပေ။အာရုံကြောဖိမိခြင်းအတွက်သာ စဉ်းစားလေ့ရှိကြသည်။
 

ကာကွယ်ခြင်း

 
- ဇက်ကြောတောင့်ခြင်း / ဇက်ကြောနာခြင်းအများစုသည် ခန္ဓာကိုယ်အနေအထားအဆင်မပြေမှုနှင့်အသက်ကြီးခြင်းတို့မှ ပျက်စီးတိုက်စားရာမှဖြစ်လေ့ရှိသည်။ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းမှကာကွယ်ရန် ခါးအနေအထားကို မှန်ကန်စွာနေရန်လိုအပ်သည်။နေ့စဉ်ပုံမှန်ပြုပြင်ခြင်းအားဖြင့်လည်းကာကွယ်နိုင်သည်။
 
(၁) ခန္ဓာကိုယ်အနေအထားမှန်ကန်ခြင်း - ထိုင်သည်ဖြစ်စဉ် မတ်တပ်ဖြစ်စေ ပုခုံးသည် နား ၊ တင်ပါးတို့နှင့် တစ်တန်းတည်းရှိသင့်သည်။
 
(၂) ခရီးသွားခြင်း သို့ ကွန်ပျူတာရှေ့တွင် အလုပ်လုပ်ခြင်းကဲ့သို့ ကြာရှည်စွာ ထိုင်ရလျှင် ခဏတဖြုတ်ဖြစ်စေ ခါးနှင့်လည်ပင်း ပုခုံးတို့ကို လျှော့ချပေးရန်လိုအပ်ပါသည်။
 
(၃) ကွန်ပျူတာရှေ့တွင် အလုပ်လုပ်ရလျှင် ကွန်ပျူတာ screen ကို မျက်စိနှင့် တစ်တန်းတည်းထားပေးပါ။ဒူးခေါင်းသည် တင်ပါးထက် ပိုလျှောကျပြီးထိုင်ပေးပါ။ လက်တင်ထိုင်ခုံနှင့်ထိုင်ပါ။
 
(၄) တယ်လီဖုန်းပြောသောအခါ ခေါင်းစောင်းပြီး နားနှင့်ပုခုံးတို့ကြားတွင်ညှပ်ပြီး မပြောပါနှင့်။ ထိုအစား နားကျပ်ကြိုးဖြင့်ပြောခြင်း သို့ စပီကာဖွင့်ပြီးပြောခြင်းတို့ကို လုပ်ပေးပါ။
 
(၅) ဆေးလိပ်သောက်ပါက ဖြတ်ပေးပါ။ ဆေးလိပ်သောက်ခြင်းသည် ဇတ်ကြောတောင့်ခြင်း / ဇတ်ကြောနာခြင်းကို ပိုမိုဆိုးစေသည်။
 
(၆) ပုခုံးတွင် လေးသော ပစ္စည်းများ အိတ်များ မသယ်ပါနှင့်။
 
(၇) အိပ်သောအခါ ခန္ဓာကိုယ်အနေအထားမှန်မှန်ကန်ကန်ဖြင့် အိပ်ပါ။ ခေါင်းနှင့်လည်ပင်းကို ခန္ဓာကိုယ်နှင့်တစ်တန်းတည်းထားပါ။လည်ပင်းအောက်တွင် ခေါင်းအုံးအပါးတစ်ခုကိုခံပါ။ ခါးအောက်တွင်လည်း ခေါင်းအုံးခံခြင်းဖြင့် ခါးနှင့်ပေါင်ကို ခေါင်းထက်ပိုမိုမြင့်ပြီးခါးကြွက်သားများကို လျှော့ချကာအိပ်တတ်နိုင်အောင် ကြိုးစားပါ။
 
Credit:

26 Jan 2021     1,947 Views




RELATED

Most Popular of Health Fix

Most Popular of Life Style