BEC-TERO TV

SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ပါတီမှ အနားယူမည့်ကိစ္စ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပြုလုပ်ပြီးမှ ဆုံးဖြတ်မည်

26 Jan 2021     1,894 Views


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ(SNLD)ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအနေဖြင့် ပါတီမှ အနားယူမည့်ကိစ္စ အပေါ် ပါတီဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပြုလုပ်ပြီးမှ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ပါတီအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ယခင် ရွှေးကောက်ပွဲမတိုင်မီ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ကတည်းက အနားယူရန်ရှိခဲ့သော်လည်း ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် မြို့နယ် အလုပ်အမှုဆောင်အဖွဲ့များ၏ မေတ္တာနာရပ်ခံမှုကြောင့် ပါတီတွင်း ဆက်လက် တာဝန်ယူဆောင်ရွက်လာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးခွန်ထွန်းဦးအနေဖြင့် ပါတီစတင်တည်ထောင်ခဲ့စဉ် ၁၉၈၈ ခုနှစ်ကတည်းက ပါတီခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်လာပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ်ဇွန်လ က တစ်ကြိမ် နှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လက တစ်ကြိမ် ပါတီဥက္ကဋ္ဌမှ အနားယူကြောင်း တင်ပြထားရှိမှု များ ရှိခဲ့ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်


26 Jan 2021     1,894 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS