လေပွခြင်း (သို့မဟုတ်) Flatulence
28 Jan 2021 3,060 Views
လေပွခြင်း ဆိုသည်မှာ ဇီဝကမ္မဖြစ်စဉ်တစ်ခုဖြစ်ပြီး လူတိုင်းကြုံတွေ့ရလေ့ရှိသည်။ ပျမ်းမျှအားဖြင့် သာမန်လူတစ်ယောက်သည် ၅ ကြိမ်မှ ၁၀ ကြိမ်အထိ လေလည်လေ့ရှိပြီး အချို့သည်လည်း ဒီထက်များကြနည်းကြပါသည်။ သာမန်ထက်လွန်ကဲ၍ ကျယ်လောင်စူးရှစွာ လေလည်တတ်သူများသည် လူကြားထဲတွင်အနေခက် အထိုင်ခက်ဖြစ်ရသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
လေများများမျိုချမိခြင်း
ပုံမှန်အသက်ရှူခြင်း အစာစားခြင်းတို့တွင် လေမျိုချလေ့ရှိကြသည်။ လေများများမျိုချမိနိုင်သည့် အခြေအနေများမှာ
· ပီကေဝါးခြင်း
· ဆေးလိပ်သောက်ခြင်း
· ဘောပင်အဖုံးစုပ်ခြင်း
· အံတု သွားတုများ ချောင်နေခြင်း
· အစာများကို အလောတကြီးမျိုချခြင်း တို့ဖြစ်ပါသည်။
လေပွစေသည့်အစားအသောက်များ
ခန္ဓာကိုယ်မှ စုပ်ယူရန်ခက်ခဲသည့် ကာဘိုဟိုက်ဒြိတ်ဓာတ်များပါသည့် အစာများမှာ..
· ပဲအမျိုးမျိုး
· ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်
· ကြက်သွန်
· ဆီးသီး
· စပျစ်သီးခြောက်
· ပန်းသီး
· Broccoli
· Fructose ဓာတ်ပါသော အစားအသောက်များ
ကျန်းမာရေးအခြေအနေများ
· အစာမကြေခြင်း
· ဝမ်းချုပ်ခြင်း
· အူလမ်းကြောင်းလှုပ်ရှားမှု မူမမှန်ရောဂါ (Irritable Bowel Syndrome)
· Coeliac Disease
· Lactose Intolerance (နို့တွင်ပါသော Lactose နှင့် ဓာတ်မတည့်ခြင်း)
· ဝမ်းပျက်ဝမ်းလျှော
· အူနံရံမှ အစာကောင်းကောင်း မစုပ်နိုင်ခြင်း
ဆေးဝါးများ
· NSAID အမျိုးအနွယ် အကိုက်အခဲပျောက်ဆေးများ
· အချို့သော ဝမ်းချူဆေးများ
· မှိုသတ်ဆေးများ
· Statinအုပ်စုဝင် အဆီကျဆေးများ
ဆရာဝန်ပြသသင့်ချိန်
· တောက်လျှောက်ဗိုက်ရစ်နေပြီး ရင်ပြည့်ရင်ကယ်ဖြစ်နေခြင်း
· ခဏခဏ ဝမ်းပျက်ခြင်း
· အကြောင်းမဲ့ပိန်ကျသွားခြင်း
· ဝမ်းမထိန်းနိုင်ခြင်း
· ဝမ်းထဲသွေးပါနေခြင်း
· အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ ကြွက်သားနာခြင်း အစရှိသည့် ပိုးဝင်သော လက္ခဏာများပြခြင်း
မည်ကဲ့သို့ထိန်းသိမ်းမည်နည်း
အစားအစာနှင့် လူနေမှုဘဝပြင်ဆင်ခြင်းများဖြင့် ထိန်းသိမ်းနိုင်ပါသည်။ ဥပမာအားဖြင့်...
· လေပွစေသော အစားအစာများ ရှောင်ရှားခြင်း
· အစာကို နည်းနည်းနှင့် ဖြည်းဖြည်းစီ စားခြင်း
· လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း
Charcoal tablets သို့ Simethicone အစရှိသောဆေးများ သောက်သုံးပေးနိုင်ပါသည်။ ကျန်းမာရေးအခြေအနေတစ်ခု အခံရှိပါက ပျောက်ကင်းအောင်ကုသရန် ဆရာဝန်အကူအညီလိုအပ်ပါသည်။
Credit: