BEC-TERO TV

အိပ်စက်ခြင်း

19 Oct 2015     1,327 Views


             လူသားတို့က ရက် တစ်ရက်၏အချိန် သုံးပုံတစ်ပုံကို အိပ်စက်ခြင်းဖြင့်အချိန်ကုန်စေရပါတယ်။ အိပ်စက်ခြင်းသည် အကောင်းဆုံးအနားယူခြင်းဖြစ်ပြီး အသားအရည်ဝင်းပစေကာ ခန္ဓာကိုယ်လည်းကြံ့ခိုင်စေပါတယ်။ အိပ်ရေးမ၀တဲ့သူတွေဆိုရင် အလုပ်ခွင် (သို့) ကျောင်းမှာ လန်းဆန်းမှုမရှိပဲ တစ်နေကုန် အားအင်မရှိသလို ထိုင်းမှိုင်းနေတတ်ပါတယ်။

အိပ်ရေးပျက်ခြင်း၏ ဆိုးကျိုးများ
**********************************
၁။ ခန္ဓာကိုယ်အားနည်းခြင်း
၂။ မှတ်ဥာဏ်နှင့် အာရုံကြောများအားနည်းခြင်း
၃။ အကြောင်းမရှိပဲ စိတ်ဓါတ်ကျခြင်း၊ စိတ်တိုလွယ်ခြင်း
၎။ ကိုယ်ခန္ဓာလည်ပတ်မှုတွင် leptin အားနည်းစေပြီး ပုံမှန်ထက် အစားကို အများကြီး စားချင်စိတ်ဖြစ်ပေါ်စေခြင်း။
၅။ အိပ်နေစဉ် ဖွံ့ဖြိုးမှုဟော်မုန်း အထွက်နည်းစေခြင်း

ကောင်းမွန်စွာအိပ်ပျော်စေရန် လုပ်ဆောင်သင့်သောအရာများ
********************************************************************
၁။ တစ်ညလျှင် ၇နာရီ (သို့) ၈နာရီပြည့်အောင်အိပ်သင့်ပြီး ည ၁၀နာရီသည် အိပ်ယာဝင်ရန် အကြောင်းဆုံး အချိန်ဖြစ်ပါတယ်။
၂။ အိပ်ခန်းကိုသန့်သန့်ရှင်းရှင်းထားပြီး ဖြစ်နိုင်လျှင် အပူအအေးမျှတစေပါ။
၃။ သင့်တော်သောအရွယ်အစားရှိတဲ့ ခေါင်းအုံးနဲ့အိပ်ပါ။
၎။ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ စောင်များကို မကြာခဏလဲလှယ်ကာ လျှော်ဖွတ်ပေးပါ။
၅။ ဘေးစောင်းအိပ်ခြင်းက ကျန်းမာရေးနဲ့ပိုမိုညီညွတ်စေပါတယ်။

 


19 Oct 2015     1,327 Views




RELATED

Most Popular of Special or Others

Most Popular of Life Style