BEC-TERO TV

Myanmar International ICT Exhibitions ပြပွဲနိုဝင်ဘာလအတွင်းပြသမည်

27 Oct 2015     1,305 Views


မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ်စီးပွားရေးကိုမြင့်တက်လာစေမယ့်နည်းပညာရပ်တွေကိုနှီးနှောဖလှယ်နိုင်တဲ့ Communi Cast 2015 and Myanmar International ICT Exhibitions ပြပွဲပြုလုပ်ဖို့အတွက်အကြိုသတင်း စာရှင်းလင်းပွဲကိုပြီးခဲ့တဲ့အောက်တိုဘာလ(၂၆)ရက်နေ့က MICT Park မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ International Myanmar ICT Exhibition ကိုနိုင်ငံတကာနဲ့ပထမဆုံးအကြိမ်အဖြစ်ပူးတွဲပြသမှာဖြစ်ပြီးဂြိုလ်တု၊ မိုဘိုင်းနည်းပညာများနဲ့ဆက်စပ်တဲ့ Application တွေကိုပြသထားမှာဖြစ်ပါတယ်။ဒီပြပွဲကိုမြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှဦးဆောင်စီစဉ်တာဖြစ်ပြီး ပြပွဲကိုတော့လာမယ့်နိုဝင်ဘာ(၁၇)ရက်မှ(၁၉)ရက်နေ့အထိ Myanmar Even Park မှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။


27 Oct 2015     1,305 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS