BEC-TERO TV

အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်လို့လူပေါင်း ၁၃၅ ဦးထက်မနည်းသေဆုံး

27 Oct 2015     1,302 Views


အာဖဂန်နစ္စတန်အရှေ့မြောက်ပိုင်းကိုဗဟိုပြုတဲ့အင်အားပြင်းငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့လို့လူပေါင်း ၁၃၅ဦး ထက်မနည်းသေဆုံးခဲ့သလို ပါကစ္စတန်နိုင်ငံမြောက်ပိုင်းနဲ့ နယူးဒေလီအထိတောင်အလျင်လှုပ်ခတ်မှုဒဏ်ကိုခံ စားခဲ့ရပါတယ်။ငလျင်ဟာမနေ့နှောင်းပိုင်းတုန်းကလှုပ်ခတ်တာဖြစ်ပြီးငလျင်ဗဟိုချက်စတင်တဲ့ ဟိန္ဒူ ခတ်ရှ် တောင်တန်းတွေမှာတောင်တွေပြိုကျပြီးအဆက်အသွယ်ပြတ်တောက်နေလို့သေဆုံးနိုင်သူဦးရေကမြင့်တက်နိုင်သေးလို့သိရပါတယ်။ငလျင်လှုပ်ချိန်မှာ အာဖဂန်အရှေ့မြောက်ပိုင်း၊ တာခါပြည်နယ်ကျောင်းတစ် ကျောင်းပြိုကျ လို့ ကျောင်းသူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။လက်ရှိအချိန်ထိတော့ ငလျင်ကြောင့်အိန္ဒိယ မှာလူသေဆုံးမှုမရှိသေးဘူးလို့ AFP ကသတင်းဖော်ပြပါတယ်။


27 Oct 2015     1,302 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS